Samsung ဖုန်းတွေထဲမှာ ဈေးအကြီးဆုံးတော့ မဟုတ်ပါဘူး

နည်းပညာပိုင်း အသစ်အသစ်တွေ ဖန်တီးလာမှုနဲ့အတူ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းကလည်း မိုးထိုးလာပြီ ဖြစ်ပါတယ်။



17.jpg

Photo: arstechnica

 

Samsung ရဲ့ ပထမဆုံး ဈေးကွက်ဝင် foldable phone မှာဆိုရင်လည်း ခေါက်သိမ်းနိုင်တဲ့ display နည်းပညာသစ်နဲ့အတူ ဒေါ်လာ ထောင်ကျော်တန်တဲ့ ဖုန်းအဖြစ် နောက်နှစ်ထဲမှာ ဖြန့်ချိသွားတော့မှာပါ။

ခေါက်သိမ်းနိုင်တာကြောင့် Galaxy F လို့နာမည်ပေးထားတဲ့ ဒီဖုန်းကို ဆန်ဖရန်စစ္စကိုမှာ ကျင်းပသွားခဲ့တဲ့ Samsung Developer Conference ပွဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဖုန်းနာမည် ၊ ထွက်မယ့် ရက်နဲ့ဈေးနှုန်းကတော့ အခုမှ သိရတာ ဖြစ်ပါတယ်။

Infinity Flex Display နည်းပညာသစ်နဲ့အတူ One UI သစ်ကို သုံးလာတဲ့ Galaxy F ကို ဈေးကွက်မှာ မဖြန့်ခင် ၂၀၁၉ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ နောက်ထပ် demo မော်ဒယ်အနေနဲ့ထပ်ပြီး မိတ်ဆက်သွားဖို့ရှိပါတယ်။ လက်ရှိမိတ်ဆက်ထားတဲ့ foldable phone ကတော့ အပြင်မှာ ၄.၅၈ လက်မ display ပါရှိပြီး အထဲမှာတော့ တက်ဘလက်တစ်လုံးလိုမျိုး ၇.၃ လက်အရွယ် display တစ်ခု ပါရှိပါတယ်။

Samsung အနေနဲ့၂၀၁၉ ပထမ ၆ လအတွင်း Galaxy F ပေါင်း အနည်းဆုံး အလုံးရေ ၁ သန်းထုတ်လုပ်သွားမယ်လို့ကြေငြာထားပါတယ်။ တစ်လုံးချင်း လက်လီဈေးကတော့ ကိုရီးယားဝမ် ၂ သန်း (မြန်မာငွေ ၂၈ သိန်းကျော်) ဖို့ရှိပါတယ်။ iPhone XS Max 512GB မော်ဒယ်တောင် ၁၄၉၉ ဒေါ်လာ ပဲ ရှိတာ ဖြစ်လို့Galaxy F ရဲ့ ၁၇၇၀ ဒေါ်လာ ဈေးက လိုက်မမီအောင် မြောက်နေပါတယ်။

တစ်ခုရှိတာက Galaxy F ဟာ Samsung အတွက် ဈေးအကြီးဆုံးဖုန်းတော့ မဟုတ်သေးပါဘူး။ ဒီတစ်ပတ်ထဲ ကြေငြာသွားတဲ့ Screen နှစ်ခါပါတဲ့ Samsung ရဲ့ W2019 flip phone ကို ဒေါ်လာ ၂၇၀၀ ကျော် (မြန်မာငွေ ၄၄ သိန်း နီးပါး) ဈေးနဲ့ထွက်ထားတာ ဖြစ်ပါတယ်။

Photo: Business Insider

 

Galaxy F အရင် မိတ်ဆက်ထားပြီး ဒီဇင်ဘာလထဲမှာ ဈေးကွက်ထဲ ရောက်လာမယ့် Royole FlexPai ဖုန်းကတော့ 6GB/128GB ဗားရှင်းအတွက် ၁၃၁၈ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းကျော်) နဲ့8GB/256GB ဗားရှင်းကို ၁၄၆၉ ဒေါ်လာ (မြန်မာငွေ ၂၃ သိန်းခွဲခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က