AD
AD
AD

ဈေးကွက်ထဲမှာ တရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ Google ရဲ့ နာမည်ကြီး Pixel ဖုန်းသစ်များရဲ့ ဈေးနှုန်းကတော့ အတော်လေးကို မြောက်နေပါတယ်။

play
Photo: Engadget

 

ကနေဒါနဲ့ ဟောင်ကောင်စတိုးတွေကတော့ Pixel 3/3XL တွေ တရားဝင် မိတ်ဆက်ခြင်းမရှိသေးခင်မှာပဲ ရောင်းချမှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကနေဒါမှ Feedom Mobile မှာ Google Pixel 3 နဲ့ Pixel 3XL တို့ ကို storage ၂ မျိုးစီနဲ့ ရောင်းချနေတာပါ။

ထူးခြားတာက ကနေဒါနဲ့ ဟောင်ကောင်မှာ ထွက်နေတဲ့ ဈေးတွေက အတော်လေး ကွာနေတာပါ။ ကနေဒါမှာ 64GB ဗားရှင်း Pixel 3 တစ်လုံးကို ကနေဒါဒေါ်လာ ၉၉၉ ဒေါ်လာ ပေါက်ပါတယ်။

ကနေဒါတစ်ဒေါ်လာဟာ အမေရိကန်ဒေါ်လာ ၀.၇၇ ပေါက်တာ ဖြစ်လို့ 64GB မော်ဒယ် Google Pixel 3 ဟာ ၇၇၁ ဒေါ်လာ ပေါက်ပါတယ်။ 128GB မော်ဒယ်ကတော့ ကနေဒါဒေါ်လာ ၁၁၂၉ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်းကျော်)မှာပါ။

အမြင့်မော်ဒယ်ဖြစ်တဲ့ Pixel 3XL 128GB ဗားရှင်းကို ကနေဒါဈေးကွက်မှာ ကနေဒါ ၁၂၅၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းနီးပါး) ဈေးတွေနဲ့ ရောင်းချနေပါတယ်။

ဟောင်ကောင်က WahPhone Digital ဖုန်းဆိုင်ရဲ့ စာမျက်နှာမှာတော့ Pixel 3XL တစ်လုံးကို ဟောင်ကောင် ဒေါ်လာ ၁၅၈၈၀ (မြန်မာငွေ သိန်း ၃၀ ခန့် ) အထိ တင်ရောင်းနေတာ တွေ့ ရပါတယ်။ flagship ဆိုတာ ငြင်းစရာ မရှိပေမယ့် အခုထိတော့ Pixel 3 series ဟာ စိတ်လှုပ်ရှားစရာ မကြားရသေးပါဘူး။

Pixel 3 နဲ့ Pixel 3XL တို့ ဟာ ဒီဇိုင်းနဲ့ specs ပိုင်းမှာ တူညီတာများပါတယ်။ high-end ဖုန်းဖြစ်လို့ Snapdragon 845 chipset ပါလာတာ ၊ အနိမ့်ဆုံး RAM 4GB ပါလာတာက ပြောစရာမဟုတ်ပါဘူး။ Google ထုတ် စမတ်ဖုန်းတွေ ဖြစ်လို့ Google ရဲ့ နောက်ဆုံးပေါ် OS စနစ် ဖြစ်တဲ့ Android 9 Pie ကိုတော့ ဒီဖုန်းတွေမှာ အရင်ဆုံး မြင်ရမှာပါ။ နောက်တစ်ချက်က ရေစို/ဖုန်တင်ခံနိုင်စွမ်းမှာ အမြင့်ဆုံးဖြစ်တဲ့ IP68 rating ပါလာဖို့ ရှိပါတယ်။

ကင်မရာစနစ်မှာတော့ အခုချိန်ထိ Google ဟာ ခပ်ဆန်းဆန်းတွေ လုပ်ပြသွားဖို့ ရှိပါတယ်။ ဈေးကွက်မှာ triple lens ဖုန်းတွေ ထွက်နေချိန်မှာ Google ဟာ Pixel 3/3XL တို့ ကို ရှေ့ ဘက် 8MP dual lens နဲ့ ကျောဘက်မှာ 12MP ကင်မရာတစ်လုံးတည်း သုံးမယ်လို့ သတင်းထွက်ထားပါတယ်။ အရွယ်အစားနဲ့ ဘက်ထရီမှာတော့ ဒီဖုန်းနှစ်လုံးဟာ မတူတော့ပါဘူး။

Google Pixel 3 ဟာ 1080x2160 pixel ပါတဲ့ ၅.၅ လက်မ display နဲ့ 2915mAh ဘက်ထရီတွေနဲ့ ထွက်လာဖို့ ရှိပြီး Pixel 3XL ကတော့ ၆.၃ လက်မ 1440 x 2880 pixel display သုံးသွားမယ်လို့ ဆိုပါတယ်။ display အမျိုးအစားကတော့ OLED panel ပဲလား ၊ LG ရဲ့ P-OLED ပဲလားဆိုတာ မသိရသေးပါဘူး။ ဘက်ထရီကတော့ Pixel 3XL ဟာ 3430 mAh ဘက်ထရီကို သုံးသွားဖို့ ရှိနေပါတယ်။

play
Photo: pocketnow

 

တကယ်တမ်း အသေးစိတ်အချက်အလက်နဲ့ ထူးခြားမှုတွေသိဖို့ အတွက်တော့ အောက်တိုဘာ ၉ ရက်နေ့ တရားဝင်မိတ်ဆက်ပွဲမှာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD