Apple Watch သစ်ကလည်း လူကြိုက်များနေပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ iPhone မော်ဒယ်သစ် နှစ်မျိုးရဲ့ ဈေးကွက် ဝယ်လိုအားကတော့ မှန်းလို့ရနေပြီ ဖြစ်ပါတယ်။

1537910081862.jpg

Photo: Financial Review

 

Apple ဈေးကွက်ကျွမ်းကျင်သူ မင်ချိကုအိုကတော့ iPhone XS နဲ့XS Max မှာ ထင်ထားတာထက် ရောင်းအားတက်နေတာက iPhone XS Max ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အစီရင်ခံစာအရ ဈေးပိုကြီးတဲ့ iPhone XS Max ဟာ မျှော်မှန်းထားတာထက် အဝယ်တက်နေပြီး iPhone XS ထက်တောင် ၄ ဆအထိ အရောင်းထွက်နေတယ်လို့ဖော်ပြထားပါတယ်။

အရောင်အနေနဲ့ရွှေနဲ့မီးခိုးရောင်က ငွေရောင်မော်ဒယ်တွေထက် ပိုပြီး လူကြိုက်များနေသလို 256GB မော်ဒယ်ကတော့ အရောင်းရဆုံးနဲ့လူအကြိုက်အများဆုံး မော်ဒယ်ဖြစ်နေပါတယ်။ ထူးခြားတာက 512GB ဗားရှင်းအနေနဲ့Samsung ရဲ့ supply ပေါ် မှီခိုနေရတာ ဖြစ်လို့ပစ္စည်း ပြတ်လပ်တာမျိုး ကြုံနိုင်တယ်လို့ဆိုပါတယ်။

iPhone XS နဲ့XS Max တို့ဟာ အရွယ်အစားမတူတာကလွဲရင် သုံးထားတဲ့ ပစ္စည်း ၊ ဒီဇိုင်းနဲ့လုပ်ဆောင်ချက်ပိုင်းမှာ တစ်ပုံစံတည်း ထွက်လာတာ ဖြစ်ပါတယ်။

Dual SIM စနစ်ကို ပထမဆုံးသုံးလာတဲ့ ဒီဖုန်းတွေဟာ 64GB/256GB နဲ့512GB ဆိုပြီး storage ၃ မျိုးနဲ့ထုတ်ထားတာပါ။ ရေစိုခံမှုနှုန်းမှာ အမြင့်ဆုံးဖြစ်တဲ့ IP68 rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်တဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။

iPhone XS Max အပြင် ဝယ်လိုအားတက်နေတာက Apple Watch Series 4 ဖြစ်ပြီး ထင်ထားတာထက် ပိုရောင်းနေရတယ်လို့မင်ချိကုအိုက သုံးသပ်ပါတယ်။ စတုတ္ထမျိုးဆက် Apple Watch ကတော့ ဒီနှစ်ထဲမှာကို အလုံးရေ ၁၈ သန်းကနေ ၁၉ သန်းခွဲနီးပါး ရောင်းချနိုင်ဖို့ရှိတယ်လို့ခန့်မှန်းနေကြပါတယ်။

Photo: Cult of Mac

 

ဒီဖုန်း ၂ မျိုးနဲ့အတူ မိတ်ဆက်ထားတဲ့ iPhone XR ကတော့ ဈေးအနည်းဆုံး မော်ဒယ်ဖြစ်ပြီး အနက် ၊ အဖြူ ၊ အနီ ၊ အဝါ ၊ အပြာနဲ့သန္တာရောင် ကာလ ၆ မျိုးနဲ့ထွက်လာမှာပါ။ ဈေးကွက်ထဲကိုတော့ အောက်တိုဘာ ၂၆ ရက်နေ့မှ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က