အောက်တိုဘာ ၁၆ ရက်နေ့မိတ်ဆက်မယ့် Mate 20 နဲ့အတူ တွေ့ရမှာပါ

ဈေးကွက်ထဲ မရောက်သေးပေမယ့် Huawei ကတော့ ကုမ္ပဏီရဲ့ processor သစ်ဟာ Apple ရဲ့ အဆင့်မြင့်ဆုံး A12 Bionic chip ထက် ပိုကောင်းတယ်လို့ယုံကြည်နေပါတယ်။

kirin-980-640x359.jpg

Photo: gizchina

 

Huawei အနေနဲ့အောက်တိုဘာ ၁၆ ရက်မှာ မိတ်ဆက်မယ့် Mate 20/20 pro တို့အကြောင်းကို အသေးစိတ်မပြောထားသေးပါဘူး။ ဒူဘိုင်းမှာ လုပ်သွားတဲ့ Huawei ရဲ့ ထုတ်ကုန်သစ်အကြောင်း အကျဉ်းရုံးမိတ်ဆက်ပြောကြားတဲ့ အချိန်မှာတော့ ဒီဖုန်းတွေမှာ သုံးသွားမယ့် Kirin 980 processor သစ်ဟာ iPhone XS ၊ iPhone XS Max နဲ့iPhone XR တို့မှာ သုံးထားတဲ့ A12 Bionic chipset ထက် မြန်မယ်လို့ပြောသွားပါတယ်။

ထွက်ဖူးသမျှ iPhone တွေထဲမှာ အဆင့်မြင့်ဆုံးဆိုတဲ့ Apple ရဲ့ ၂၀၁၈ မော်ဒယ် iPhone သစ်တွေဟာ Kirin 980 processor လိုပဲ 7nm process နဲ့ထုတ်လုပ်ထားတာပါ။ ဒီ processor ဟာ octa-core Neural Engine စနစ်လည်း ထည့်သွင်းထားတယ်လို့Apple က ကြေငြာထားပြီး ဂရပ်ဖစ်စွမ်းဆောင်ရည်ဟာ ၅၀% ထိ ပိုမြန်လာာသလို ဖုန်းသုံးရတာမှာလည်း ၁၅% ပိုသွက်လာမယ်လို့ကြေငြာထားပါတယ် ။

Huawei ရဲ့ Kirin 980 chipset သစ်ဟာလည်း 7nm process နဲ့ပဲ ထုတ်ထားတာ ဖြစ်ပြီး စွမ်းအင်နဲ့ထိရောက်မှု ရှိဖို့၊ ဉာဏ်ရည်တုလုပ်ဆောင်ချက်ပိုင်းနဲ့ကွန်ရက် ချိတ်ဆက်မှုကဏ္ဍတွေကို အသားပေးထုတ်လုပ်ထားတာပါ။ ဒီ processor အတွက် Huawei ဟာ ၃ နှစ်ကျော် အချိန်ယူထားတာ ဖြစ်ပြီး Apple A12 Bionic လိုပဲ ထရန်စစ္စတာ ၆.၉ ဘီလျံ နဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Huawei ထုတ် Kirin 980 processor ကတော့ အရင် Kirin 970 processor ထက် ၇၅% ပိုမြန်ပြီး ဂရပ်ဖစ်လုပ်ဆောင်ချက်မှာ ၄၆% ပိုမြန်နေမယ်လို့ဆိုပါတယ်။ ဖုန်းစွမ်းအင် သုံးစွဲမှုအပိုင်းမှာ Kirin 980 processor ဟာ သူ့အရင် Kirin 970 ထက် ၅၇% ပိုထိရောက်မှု ရှိမှာပါ။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ ဒီချပ်စ်သစ်ဟာ 1.4Gbps မြန်နှုန်းအထိ ဒေါင်းလုပ်ချနိုင်မယ့် ချပ်စ်ဖြစ်တယ်လို့Huawei က ထုတ်ပြန်ထားပါတယ်။

Photo: 9to5google

 

တကယ်တမ်း လက်တွေ့မှာ Huawei ရဲ့ processor သစ်ဟာ Apple A12 chip ထက် သာမလား။ အောက်တိုဘာ ၁၆ ရက် Mate 20/20 Pro မိတ်ဆက်ပွဲနဲ့အတူ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က