AD
AD
AD

တောင်ကိုရီးယားရဲ့ အထင်ကရ စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ LG Mobile ဟာ တရုတ်စမတ်ဖုန်းဈေးကွက်ကို လက်ပြနှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။

၂၀၁၇ ရာသီကုန်ချိန်မှာ LG ရဲ့ နောက်ဆုံးသုံးလပတ်ဘဏ္ဍာရေး ရမှတ်က အောင်မှတ်မဝင်ဘဲ ထိုးကျသွားခဲ့တာကလည်း LG အတွက် ဈေးကွက်ကို ချုံ့ ပစ်ရမယ့် အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး သုံးလပတ်ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလအတွင်း LG ဟာ လုပ်ငန်းလည်ပတ်လိုငွေ ဒေါ်လာ ၁၉၂ သန်းနဲ့ အရှုံး ပေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်ကနေ ထွက်လာခဲ့ရတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာ ဒေသတွင်း brands တွေ ဖြစ်တဲ့ Oppo ၊ Huawei နဲ့ Xiaomi တို့ ကို မယှဉ်နိုင်တော့တာကလည်း အဓိကကျနေပါတယ်။ IDC ရဲ့ ဒေတာတွေအရ LG ဟာ ၂၀၁၆ အတွင်း တရုတ်ဈေးကွက်ထဲကို LG G5 SE စမတ်ဖုန်းမိတ်ဆက်ခဲ့ပြီး နောက်ထပ် စမတ်ဖုန်းသစ်တင်ပို့ မှု မရှိတော့ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံတွင်းမှာ LG ရဲ့ စမတ်ဖုန်းရောင်းအားဟာ တစ်နှစ်လုံးမှာမှ အလုံးရေ ၁ သိန်း ၆ သောင်းဝန်းကျင်ပဲ ရှိခဲ့တယ်လို့ လည်း ခန့် မှန်းထားပါတယ်။

play

 

LG Mobile ရဲ့ စမတ်ဖုန်းဝင်ငွေဟာ ဆက်တိုက် ကျဆင်းလာနေပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စတုတ္ထသုံးလပတ်ကာလအတွင်း ကိုရီးယားဝမ် ၂၅၈.၈၀ ဘီလျံ ( ဒေါ်လာ ၂၂၃.၉၈ သန်း) အသားတင် အရှုံးပေါ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ခြောက်နှစ်တာကာလအတွင်း ကုမ္ပဏီအနေနဲ့ ကြီးကြီးမားမားအရှုံးထွက်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရတဲ့အကြောင်းတစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ် သုံးလပတ်တစ်ခုနီးပါး ရောင်းအားကျဆင်းသွားတဲ့ မိုဘိုင်းလ်ဖုန်းကဏ္ဍကလည်း အဓိကကျနေပါတယ်။ တစ်ခုရှိတာက LG ရဲ့ display အရောင်းပိုင်းနဲ့ အိမ်သုံး ရုံးသုံး အီလက်ထရောနစ် ထုတ်ကုန်ကဏ္ဍကတော့ အရင်နှစ်ကာလတူထက် ၁၁% ရောင်းအားတက်လာခဲ့တယ်လို့ လည်း ဆိုပါတယ်။

တရုတ်စမတ်ဖုန်းဈေးကွက်ကနေ နှုတ်ဆက်သွားခဲ့ပေမယ့် LG ဟာ ဒီနေ့ ခေတ်ပေါ် နာမည်ကြီး ဖုန်းတွေမှာ သုံးနေတဲ့ စမတ်ဖုန်းကိုယ်ထည်အချိုးအစား 18:9 aspect ratio ကို LG G6 နဲ့ အတူ လက်ဆောင်ပေးခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ LG ဟာ အပြောင်းအလဲသစ်များနဲ့ စမတ်ဖုန်းလောကကို ဦးဆောင်နိုင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဆိုလည်း မမှားပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD