ဒေါ်လာ ၅၀၀ တန် နားကြပ် လက်ဆောင်ရမှာပါ

Signature Edition စမတ်ဖုန်းတွေဟာ LG ရဲ့ ဒေါ်လာ ထောင်ချီတန်တဲ့ luxury brand တစ်ခုဖြစ်ပြီး အလုံးရေအကန့်အသတ်နဲ့ထွက်လာတဲ့ သီးသန့်မော်ဒယ်လည်း ဖြစ်ပါတယ်။



gsmarena_002 (1).jpg

photo: GSMArena

 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဇိုင်ကွန်နီယံကြွေနဲ့လုပ်ထားတဲ့ ဒေါ်လာ ၁၈၀၀ တန် LG V30 Signature Edition ကို ရောင်းချခဲ့ပါတယ်။ အလုံးရေ ၃၀၀ ပဲ သတ်မှတ်ထားတဲ့ ဒီဖုန်းဟာ LG ရဲ့ ပထမ မျိုးဆက် Signaure Edition လည်း ဖြစ်ခဲ့ပါတယ်။ မကြာခင်မှာ LG V35 ကို ဒီဇိုင်းနဲ့အရည်အသွေး ပြန်ပြောင်းထားတဲ့ Edition တစ်ခုကို ရောင်းချသွားမှာပါ။

ဒုတိယမြောက်ဗားရှင်းအဖြစ် ဈေးကွက်ထဲ ဖြန့်ချိသွားမယ့် Edition သစ်ဟာလည်း ကြွေကိုယ်ထည်ဒီဇိုင်းနဲ့လာပြီး အစင်းခြစ်ဒဏ်ကို ခံနိုင်အောင် ထုတ်ထားတယ်လို ု့ဆိုပါတယ်။ ပထမ LG V30 Signature Edition အတိုင်း ဒီတစ်ခုလည်း အလုံးရေ ၃၀၀ အကန့်အသတ်နဲ့ထုတ်လုပ်သွားမှာပါ။

ဒီဇိုင်းပိုင်းအရ ဒီဖုန်းဟာ ပြီးခဲ့တဲ့ မေလထဲမှာ ထွက်ထားတဲ့ LG V35 နဲ့တစ်ပုံစံတည်း ဖြစ်ပြီး မျက်နှာပြင် ၆ လက်မ FullVision OLED panel နဲ့လာတာပါ။ ကိုယ်ထည်အချိုးအစားပိုင်းမှာ 18:9 screen ဖြစ်ပြီး Snapdragon 845 Chipset ၊ RAM 6GB/256GB storage အထိ ပါလာပြီး microSD card slot ပါလို့storage ကို ထပ်ပြီးလည်း မြှင့်လို့ရမှာပါ။

ကျောဘက်မှာ fingerprint scanner နဲ့အတူ အလျားလိုက် dual cameras တွေ ဖြစ်တဲ့ 16MP ပင်မကင်မရာနှစ်လုံး ပါရှိပြီး တစ်လုံးက ၁၀၇ ဒီဂရီ ultra-wide angle ကင်မရာစနစ်နဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ 3300 mAh ဘက်ထရီနဲ့အတူ LG ရဲ့ fast charging စနစ် ၊ ကြိုးမဲ့အားသွင်းစနစ်များ သုံးနိုင်မှာပါ။

Signature Edition ဟာ LG ရဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ ရေစို/ဖုန်တင်တဲ့ ဒဏ်ကို IP68 rating အထိ ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။ သီးသန့်luxury edition ဖြစ်လို့အထူးဝန်ဆောင်မှုတွေလည်း ပါရှိမယ်လို့ဆိုပါတယ်။ ဒီထဲမှာ လယ်သာအစစ် ဖုန်းကာဗာအပြင် ပိုင်ရှင်ရဲ့ နာမည်ကိုပါ ဖုန်းကိုယ်ထည်မှာ ထွင်းပေးသွားမှာပါ။

photo: The Verge

 

ကာလာအနေနဲ့အနက် ၊ အဖြူ နှစ်ရောင်တည်း သုံးထားပြီး ဒေါ်လာ ၅၀၀ တန် Bang & Olufsen နားကြပ်တွေလည်း တစ်ခါတည်း ပါလာမယ်လို့ဆိုပါတယ်။ LG V35 ကို ဒေါ်လာ ၉၀၀ ဈေးနဲ့ရောင်းချခဲ့တဲ့ LG ဟာ Signature Edition မှာတော့ ဒေါ်လာ ၁၈၀၀ နီးပါးဈေးနဲ့လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ တရားဝင်ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က