ဒီခန့်မှန်းချက်ကြောင့် Apple ရဲ့ ရှယ်ယာဈေး ထိုးကျနေပါတယ်

ဈေးကွက်ကျွမ်းကျင်သူတွေကတော့ iPhone XR ဟာ အရင်မှန်းခြေထက် အလုံးရေ သန်း ၃၀ ရောင်းအားလျော့တော့မယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။



iphone-xr-gallery1-201809.png

Photo: Apple

 

Apple ထုတ်ကုန်တွေ ခန့်မှန်းရာမှာ နာမည်ကြီးတဲ့ TF International Securities မှ မင်ချိကုအိုဟာ အစောပိုင်းက iPhone XR ရဲ့ ၁၂ လတာ ရောင်းအားမှန်းခြေ သန်း ၁၀၀ ကနေ သန်း ၇၀ ကို လျှော့တွက်လိုက်တာပါ။ iPhone သစ်တွေထဲမှာ ဈေးအနည်းဆုံး မော်ဒယ်ဖြစ်တဲ့ iPhone XR ဟာ ၂၀၁၈ ထွက် iPhone သစ်အားလုံး ရောင်းအားရဲ့ ၅၀% ကျော် ရှိမယ်လို့အများကြီး မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

"iPhone XR ရောင်းအား ခန့်မှန်းတွက်ချက်မှုကို အရင် သန်း ၁၀၀ ကနေ အခု သန်း ၇၀ ကို ပြန်လျှော့ထားပါတယ်။ ၂၀၁၈ စတုတ္ထသုံးလပတ် ကနေ ၂၀၁၉ တတိယသုံးလပတ်ရောင်းအားအထိပါ" လို့ကုအိုက ဆိုပါတယ်။ သူဟာ အောက်တိုဘာလထဲမှာ iPhone XR ကို iPhone သစ်တွေထဲမှာ ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်မယ်လို့ တွက်ချက်ခဲ့သူ ဖြစ်ပါတယ်။

iPhone XR ရောင်းအားကျမယ့်အကြောင်း တွက်ချက်ရာမှာ သူဟာ အကြောင်းပြချက် ၃ ခု ပေးပါတယ်။ ပထမ တစ်ချက်က တရုတ်နဲ့ဖြစ်နေတဲ့ ကုန်သွယ်စစ်ကြောင့် ၊ နောက်တစ်ချက်က ဈေးနည်းပေမယ့် dual cameras တွေ ပါပြီး တန်ဖိုးပိုမြင့်တဲ့ iPhone XS/XS Max ကိုပဲ လူတွေ ပိုသဘောကျတာကြောင့်လို့ဆိုပါတယ်။ နောက်ဆုံးအကြောင်းပြချက်ကတော့ Huawei Mate 20 series ကြောင့်ပါ။

ဆန်းသစ်ထူးခြားတဲ့ ကင်မရာ ၃ လုံးတွဲ စနစ် ၊ ကမ္ဘာ့ပထမဆုံး 7nm process နည်းပညာနဲ့ထုတ်ထားတဲ့ Kirin 980 processor သုံး Huawei Mate 20 နဲ့Mate 20 Pro တို့ဟာ ပရီမီယံဖုန်းတွေအနေနဲ့ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာ Apple အနေနဲ့Huawei ကို စိုးရိမ်စရာမရှိပေမယ့် တရုတ်နဲ့အာရှတစ်လျှောက် အကြီးဆုံး ဖုန်း brand အဖြစ် ရပ်တည်နေတဲ့ Huawei ကို လျှော့တွက်လို့မရပါဘူး။

iPhone XR ရောင်းအားကျကောင်း ကျသွားပေမယ့် လက်ရှိ သုံးလပတ် iPhone ရောင်းအားဟာ ၇၅ သန်းကနေ သန်း ၈၀ အထိ ရှိမယ်လို့မင်ချိကုအိုက ဆိုပါတယ်။ ဒါကလည်း iPhone XR အရောင်းကျချိန်မှာ iPhone XS တွေ ဝယ်လိုအားမြင့်မယ့် အချက်ကို ထည့်တွက်ထားတာပါ။

၂၀၁၉ ပထမသုံးလပတ်မှာတော့ iPhone ရောင်းအားဟာ အရင် မှန်းခြေ အလုံးရေ ၅၅ သန်း - သန်း ၆၀ ကနေ  ၄၇ သန်း - ၅၂ သန်း ကျသွားမယ်လို့ခန့်မှန်းနေပါတယ်။

Photo: cnbc

 

မင်ချိကုအိုရဲ့ ဟောကိန်းသစ်ကြောင့် Apple ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ၄% ကျော် ကျသွားခဲ့ပြီး ဇူလိုင်လနောက်ပိုင်း အနိမ့်ဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က