AD
AD
AD

ကျောဘက်မှာ display ငယ်တစ်ခု ပါရှိတဲ့ Meizu Pro 7 ဟာ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းဒီဇိုင်းအဖြစ် ၂၀၁၈ ခုနှစ် နိုင်ငံတကာဖိုရမ်ရဲ့ ထုတ်ကုန်ဆုတစ်ဆုဖြစ်တဲ့ iF Product Award 2018 ချီးမြှင့်ခံရတယ်လို့ သိရပါတယ်။

iF Product Design Award 2018 ဟာ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ထောင်နဲ့ ချီတဲ့ ထုတ်ကုန်များကို ဒီဇိုင်းပညာရှင် ၆၃ ဦးမှ ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဟန်နိုဗာအခြေစိုက် International Forum Design အဖွဲ့ အစည်းကနေ ပေးအပ်တဲ့ဒီဇိုင်းဝန်ဆောင်မှု ဆိုင်ရာ ဆုတစ်ဆုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ အစည်းကို ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး နှစ်စဉ် နိုင်ငံပေါင်း ၅၉ နိုင်ငံမှ ဒီဇိုင်းဝင်ခွင့် ၅၅၀၀ ကျော်နဲ့ ပုံမှန် ယှဉ်ပြိုင်ဖြစ်တဲ့ ဒီဇိုင်း အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုနှစ် iF Product Design Award 2018 ပွဲမှာတော့ ရှေ့ နောက် dual display သုံးသွားတဲ့ Meizu Pro 7 က ရရှိသွားတာပါ။

play

 

Meizu Pro 7 ဟာ မျက်နှာပြင် ၅.၂ လက်မ ပါရှိပြီး 1080p ရုပ်ထွက်ပါ Suiper AMOLED screen ကို သုံးထားပါတယ်။ ကျောဘက်မှာလည်း မျက်နှာပြင်ဆိုဒ် ၂ လက်မရှိတဲ့ Super AMOLED display အငယ်စားတစ်ခု ပါရှိပါတယ်။ ကျောဘက် display ငယ်မှာတော့ dual rear camera စနစ်သုံးပြီး ဆယ်လ်ဖီဆွဲနိုင် ၊ သီချင်းနားထောင်နိုင်သလို သတင်းမက်ဆေ့ခ်ျများလည်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ processor အဖြစ်10 cores မြန်နှုန်းရှိတဲ့ MediaTek Helio X30 chipset ကို သုံးထားပါတယ်။ Android 7.0 နဲ့ ထွက်လာပြီး Meizu ရဲ့ နောက်ဆုံးထွက် Flyme UI ပါရှိတဲ့ ဒီဖုန်းတွေဟာ အသံပိုင်း processor ချပ်စ်သီးသန့် ပါရှိတာ ဖြစ်လို့ အကောင်းဆုံး အသံစနစ်ကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။ Meizu Pro 7 ဟာ RAM 4GB/storage 64GB ပါရှိပြီး ဘက်ထရီကတော့ mCharge 3.0 အားသွင်းစနစ်ပါတဲ့ 3000 mAh ဘက်ထရီသုံးထားတာပါ။

Meizu Pro 7 စီးရီးမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ကင်မရာစနစ်ဖြစ်ပြီး ကျောဘက်မှာ Sony IMX386 sensor သုံး 12MP ကင်မရာနှစ်လုံး ပါရှိပါတယ်။ ဒီကင်မရာတွေသုံးပြိး ကျောဘက် display ငယ်ကနေ အဆင့်မြင့် bokeh effect ပါ ဆယ်လ်ဖီရိုက်ချက်များ ရိုက်ကူးနိုင်ပါတယ်။ f/2.0 aperture ပါပြီး ညဘက် အမှောင် ရိုက်ချက်ကောင်းများ ရိုက်ကူးနိုင်တဲ့ ဒီကင်မရာတွေအပြင် ရှေ့ဘက်မှာ 16MP ကင်မရာသုံးထားတာဖြစ်လို့ ရှေ့ screen ကနေ ဆယ်လ်ဖီဆွဲမယ်ဆိုရင်လည်း အကြိုက်တွေ့ စေမှာ ဖြစ်ပါတယ်။

အနက်မှိုင်း ၊ အနက်ပြောင် ၊ အနီ ၊ ရွှေရောင် နဲ့ ငွေရောင်များနဲ့ ထွက်လာမယ့် ဒီဖုန်းတွေရဲ့ ဈေးနှုန်းကတော့ Meizu Pro 7 ကို ဒေါ်လာ ၄၃၀ (မြန်မာငွေ ၅ သိန်း ၈ သောင်း ) နဲ့ Pro 7 Plus ကို ဒေါ်လာ ၅၃၀ (မြန်မာငွေ ၇ သိန်း ၂ သောင်း) ဈေးများနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD