Xiaomi ကတော့ ငြင်းထားပါတယ်။

မှန်ပြင်ထဲ မြှပ်ထားတဲ့ လက်ဗွေဖတ်စနစ် ၊ အန်းဒရိုက်ဖုန်းတွေထဲမှာ ပထမဆုံး သုံးလာတဲ့ 3D Face Unlock ၊ ကိုယ်ထည်ထဲ ထွင်းဖောက်မြင်နေရတဲ့ ကျောဘက် panel ဒီဇိုင်းပါ Mi 8 Explorer Edition မှာ အကွက်ရွှေ့ထားတာလေးတွေ ရှိနေပါတယ်။

[No available link text] 

စမတ်ဖုန်းလောကထဲ ရောက်တဲ့ ၈ နှစ်ပြည့် အခမ်းအနားနဲ့အတူ အထူးဗားရှင်းအဖြစ် မိတ်ဆက်ချိန်က ဒီဖုန်းဟာ HTC U12+ စတိုင် ကျောဘက်မှာ ထွင်းဖောက်မြင်နိုင်တဲ့ ဖုန်းအဖြစ် ကြေငြာခဲ့တာပါ။ ပိုပြီး သံသယရှိဖို့ကောင်းတာက ဒီဖုန်းရဲ့ ထွင်းဖောက်မြင်ဒီဇိုင်းဟာ HTC U12+ ထက် ပိုပြီး အတွင်းက အစိတ်အပိုင်းတွေကို ထင်ရှားပြတ်သားအောင် မြင်နေရတာ ဖြစ်ပါတယ်။

ဘယ်လောက်အထိ ထွင်းဖောက်မြင်နိုင်သလဲဆိုရင် အထဲက ဆားကစ်ဘုတ်ပေါ်က စာသားသေးသေးတွေနဲ့အတူ Innovation for Everyone ဆိုတဲ့ စာတန်းကိုပါ အလွယ်တကူ ဖတ်လို့ရအောင် မြင်နေရတာပါ။ Mi 8 မိတ်ဆက်ပွဲမှာ ဒီကိုယ်ထည်ဟာ တကယ့် mainboard ဟုတ်မဟုတ် မေးမြန်းခဲ့ကြစဉ်က Xiaomi အနေနဲ့ဒါဟာ တကယ့် ဆားကစ်ဘုတ်ပဲ ဖြစ်ပြီး အမြင်အာရုံလှည့်စားထားတာ မဟုတ်ဘူးလို့လည်း ဖြေကြားခဲ့ပါတယ်။

တကယ်တော့ ဒီအဖြေဟာ တစ်ဝက်ပဲ မှန်တာပါ။ Mi 8 Explorer ဟာ တကယ့်ထွင်းဖောက်မြင် panel သုံးမသုံးကို တစ်စစီဖြုတ်ကြည့်တဲ့ ချန်မင်းအဲပါတ်ဆိုသူ Twitter အကောင့်ကတော့ ဒီဖုန်းကို အပြင်က မြင်ရတဲ့ ဘုတ်ဟာ အပြင်ပန်း အမြင်ဆန်းအောင် သက်သက်ထည့်ထားတာလို့သက်သေပြခဲ့ပါတယ်။ ကျောဘက် မြင်နေရတဲ့ board တွေဟာ တကယ့်ပစ္စည်းအစစ်တွေ ဖြစ်ပေမယ့် ဘာအလုပ်မှ မလုပ်ဘူးလို့ဆိုပါတယ်။

တကယ်တမ်း အတွင်းမှာ အလုပ်လုပ်တဲ့ အစိတ်အပိုင်းက ဒီ ဘုတ်တွေအောက်မှာ ဝှက်ထားတာပါ။ ဒီသတင်းထွက်လာပြီးနောက် Xiaomi ဘက်မှ Mi 8 Explorer ဟာ ထွင်းဖောက်မြင် မှန်သုံးထားတာ  ဖြစ်ပြီး ကျောဘက်အပေါ်ခြမ်းက မြင်နေရတဲ့ အပိုင်းဟာ တကယ့် mainboard ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ငြင်းဆိုထားပါတယ်။

မျက်နှာပြင် ၆.၂၁ လက်မ OLED display နဲ့လာပြီး high-end hardware စနစ်များ ဖြစ်တဲ့ Snapdragon 845 chipset ၊ RAM 8GB / 128GB storage ၊ DxO Mark ၁၀၅ မှတ်ထိ ရထားတဲ့ 12MP dual cameras နဲ့dual GPS စနစ်ကို ပထမဆုံး သုံးထားတဲ့ Mi 8 Explorer ကို ဇူလိုင်လကုန်ပိုင်းက ၃၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) ဈေးနဲ့စပြီး ရောင်းချခဲ့ပါတယ်။

Photo: BGR

 

စရောင်းတဲ့ နေ့ပစ္စည်း ပြတ်သွားခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ မှာ ထပ်ပြီး ရောင်းချသွားဦးမှာပါ။ အခြေအနေအရတော့ Mi  8 Explore ဟာ လူကြိုက်များမယ့် မော်ဒယ်အဖြစ် ရပ်တည်သွားဖို့ရှိပါတယ်။

Share

Loading Next Article...
က္က