၁၈ ရက်အတွင်း Xiaomi Mi 8 စီးရီး ရောင်းအား ၁ သန်းကျော်ခဲ့ပါတယ်

Xiaomi ၈ နှစ်ပြည့် စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 8 တွေ ဈေးကွက်ထဲ ရောက်လာတာ ၄ လ ရှိလာချိန်မှာ ကုမ္ပဏီဟာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

Xiaomi-Mi-8-vs-Mi-8-Explorer-Edition-vs-Mi-8-SE.jpg

Photo: BGR

 

Xiaomi ရဲ့ CEO နဲ့ပူးတွဲတည်ထောင်သူ လိုင်ဂျန်မှ Weibo ပေါ် ကြေငြာခဲ့တာ ဖြစ်ပြီး ၄ လအတွင်း Xiaomi Mi 8 မော်ာဒယ်ပေါင်း ၆ သန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ဆိုပါတယ်။ မေလကုန်ပိုင်းက Xiaomi ဟာ Mi 8 အနွယ်တွေ ဖြစ်တဲ့ Xiaomi Mi 8 ၊ Mi 8 SE ၊ Mi 8 Lite နဲ့Mi 8 Pro တို့ပါဝင်နေပါတယ်။

Mi 8 Pro နဲ့Mi 8 Lite တို့ကတော့ စက်တင်ဘာရောက်မှ မိတ်ဆက်ထားတာပါ။ မှတ်တိုင်သစ်စိုက်ထူတဲ့ အထိမ်းအမှတ်အနေနဲ့တရုတ်မှာရောင်းနေတဲ့ Mi 8 စီးရီးတွေကို ယွမ် ၂၀၀ ဒစ်စကောင့်ချပေးသွားမယ်လို့လိုင်ဂျန်က ကြေငြာထားပါတယ်။

Mi 8 မတိုင်ခင်က Xiaomi ဟာ Xiaomi Mi 6 ကို မိတ်ဆက်ခဲ့တာ ဖြစ်လို့ပုံမှန်အတိုင်းဆို Xiaomi Mi 7 series တွေ ထွက်လာရမှာပါ။ ၂၀၁၈ ဟာ Xiaomi ၈ နှစ်ပြည့်ချိန်နဲ့တိုက်ဆိုင်နေတာကြောင့် Xiaomi ဟာ ၈ နှစ်ပြည့် အထူးဖုန်းတွေအဖြစ် Xiaomi Mi 8 ၊ Mi 8 SE နဲ့အထူးမော်ဒယ် Mi 8 Explorer Edition တို့ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖုန်းတွေဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး notch ပါလာတဲ့ ဖုန်းတွေ ဖြစ်ပြီး အဆင့်မြင့်ဆုံး processor ၊ OLED display များနဲ့အလန်းစား dual cameras တွေ ပါရှိပါတယ်။ Xiaomi Mi 8 ရဲ့ 12MP ကင်မရာဟာ ကမ္ဘာကျော် DxOMark ရဲ့ ကင်မရာတိုင်းတာ စစ်ဆေးမှုအရ ၁၀၅ မှတ်ထိ ရထားပြီး ၉၇ မှတ်ရထားတဲ့ နာမည်ကြီး iPhone X ထက် သာနေပါတယ်။

Explorer Edition မှာတော့ မှန်ပြင်အောက်လက်ဗွေစနစ် ၊ 3D Face Unlock နဲ့ထွင်းဖောက်မြင်ကိုယ်ထည်ဒီဇိုင်းတွေ ပါလာပါတယ်။ Xiaomi Mi 8 ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Dual GPS စနစ် သုံးဖုန်းဖြစ်လို့တည်နေရာကို ၄ လက်မအထိ အနီးစပ်ဆုံး ညွှန်ပြနိုင်မှာ ဖြစ်ပါတယ်။ Xiaomi Explorer Edition ကို ၃၆၉၉ ယွမ် ဈေးနဲ့စတင်ရောင်းချခဲ့ပါတယ်။

Photo: techcresendo

 

Xiaomi Mi 8 ကတော့ တရုတ်မှာ ၂၆၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) နဲ့SE မော်ဒယ်ကိုတော့ ၁၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၈ သောင်း) ဈေးတွေနဲ့ရောင်းချထားပါတယ်။

Share

Loading Next Article...
က္က