စက်တင်ဘာ ၂၅ ရက်နေ့မှာ ရောင်းချသွားမှာပါ

Xiaomi ကတော့ ကုမ္ပဏီရဲ့ ၈ နှစ်ပြည့် Mi 8 ကို ဈေးနည်းတဲ့ ဗားရှင်းသစ်အဖြစ် မိတ်ဆက်ဖို့ကြေငြာလိုက်ပါတယ်။



[No available link text] 

Xiaomi Mi 8 Youth နာမည်နဲ့မိတ်ဆက်သွားမယ့် ဒီဖုန်းအကြောင်း တရားဝင် ကြော်ငြာဗွီဒီယိုတိုတွေတောင် ကုမ္ပဏီက တင်ထားပြီ ဖြစ်လို့ဒီဖုန်းရဲ့ ဒီဇိုင်းနဲ့ဖွဲ့စည်းချက်တွေကို အတည်ပြုလို့ရနေပြီ ဖြစ်ပါတယ်။

တန်ဖိုးနည်း အရည်အသွေးမြင့်ဖုန်းတွေ မိတ်ဆက်နေကျ Xiaomi ဟာ Youth Edition မော်ဒယ်သစ်ကို စက်တင်ဘာ ၁၉ ရက်နေ့တရုတ်မှာ စတင်မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးကွက်ထဲကိုတော့ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

ကြော်ငြာဗွီဒီယိုတိုမှာတော့ Mi 8 Youth မော်ဒယ်ကို အပြာရောင်နဲ့မိတ်ဆက်ထားပြီး အရင် Mi 8 နဲ့Mi 8 SE အကြား specs များနဲ့ ထွက်လာဖို့ရှိပါတယ်။ 19:9 aspect ratio ကိုယ်ထည်ဒီဇိုင်းနဲ့bezel-less display သုံးသွားဖို့ရှိပြီး တစ်ချို့ကတော့ Youth Edition ဟာ Xiaomi Mi 8 SE အတိုင်း Adreno 616 GPU ပါဝင်တဲ့ Snapdragon 710 processor ကို သုံးသွားမယ်လို့ခန့်မှန်းထားပါတယ်။

ရှေ့နောက် မှန်ကိုယ်ထည် ဒီဇိုင်းအပြင် Mi 8 Youth ဟာ အလျားလိုက် ကျောဘက် dual cameras စနစ် သုံးသွားမှာပါ။ ဒါ့အပြင် fingerprint scanner ကိုလည်း ကျောဘက်မှာပဲ ထည့်သွင်းထားပြီး ရှေ့display မှာ notch ပါ/မပါတော့ မသိရသေးပါဘူး။ လောလောဆယ် ကြားထားတဲ့ သတင်းတွေမှာတော့ ဒီဖုန်းဟာ အမြင့်ဆုံး RAM 8GB/128GB storage အထိ ပါဝင်လာမယ်လို့ဆိုပါတယ်။ ျ

Xiaomi ရဲ့ 8th Anniversity ပွဲမှာ မိတ်ဆက်ခဲ့သမျှ ဖုန်း ၃ ထဲမှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မျက်နှာပြင် ၅.၈၈ လက်မ Xiaomi Mi 8 SE ဖြစ်ပြီး RAM 4GB/64GB storage မော်ဒယ်ကို ၁၇၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) နဲ့အမြင့်မော်ဒယ် RAM 6GB/64GB storage ကိုတော့ ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချခဲ့တာပါ။

Photo: Indian Express

 

Mi 8 Youth Edition ကတော့ ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့သတင်းထွက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က