ဇူလိုင် ၁၉ ရက်နေ့တရုတ်မှာ မိတ်ဆက်သွားမှာပါ

Xiaomi ကုမ္ပဏီကို တည်ထောင်ခဲ့သူထဲက တစ်ဦးကတော့ တရုတ်လူမှုကွန်ရက် Weibo ပေါ်မှာ Mi Max 3 ရဲ့ ဒီဇိုင်းနဲ့အချက်အလက် အပြည့်အစုံကို တင်လိုက်ပြီ ဖြစ်ပါတယ်။

9FrdZPJbpUAHj4i4fjJKhD-970-80.jpg

photo: Tech Rader

 

ဇူလိုင် ၁၉ ရက် တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားမယ့် ဒီဖုန်းဟာ အရင် Mi Max series တွေထက် မျက်နှာပြင်အရွယ်အစား ပိုကြီးထားပေမယ့် 18:9 panel ဒီဇိုင်းကြောင့် လက်ထဲမှာ ကိုင်ရတာ သက်တောင့်သက်တာ ဖြစ်နေမယ်လို့လည်း Xiaomi founder တစ်ဦး ဖြစ်တဲ့ ဘင်လင်းက ဆိုပါတယ်။Mi Max 3 ဟာ မျက်နှာပြင် ၆.၉ လက်မ LCD display ဖြစ်လို့အတော်ကြီးကို ကြီးမားတဲ့ မျက်နှာပြင်လို့လည်း ပြောရမှာပါ။

ဒီအရွယ်အစားဟာ အရင် Mi Max 2 ကို ၆.၄၄ လက်မ သုံးခဲ့တာနဲ့ယှဉ်ပြီး ကြည့်လို့ရပါတယ်။ ဒီဇိုင်းပိုင်းအရ ကြည့်ရင် Mi Max 3 ဟာ Redmi Note 5 Pro နဲ့အတော်လေးကို ဆင်နေပါတယ်။ ကျောဘက် ထောင်လိုက် dual cameras ထားပုံနဲ့fingerprint scanner ထည့်လာပုံအပြင် ရှေ့ခြမ်းက notch မပါတဲ့ display ကလည်း အထက်အောက် ဘေးဘောင် ခပ်ပါးပါးနဲ့သပ်သပ်ရပ်ရပ် ရှိမှာပါ။

Mi Max series ဟာ တန်ဖိုးနည်း phablet ဖြစ်ပြီး mid-range specs နဲ့လာတာ ဖြစ်ပါတယ်။ Mi Max 3 မှာလည်း Redmi Note 5 Pro မှာ သုံးသွားတဲ့  octa-core Snapdragon 636 SoC ကို သုံးထားပြီး RAM/storage ကို ၂ နဲ့မိတ်ဆက်သွားဖို့ရှိပါတယ်။

ကင်မရာပိုင်းမှာ Mi Max 3 ဟာ Redmi Note 5 နဲ့သိပ်ကွာဖို့မရှိပါဘူး။ သတင်းတွေအရ ကျောဘက်မှာ dual LED flash ပါတဲ့ 12MP+5MP ကင်မရာများနဲ့ရှေ့မှာ 8MP ဆယ်လ်ဖီကင်မရာ ပါဝင်မယ်လို့ဆိုပါတယ်။ ဒီဖုန်းမှာ စောင့်ကြည့်ရမှာက AI features တွေပါပဲ။

စမတ်ဖုန်းလောကမှာ AI တွေ ခေတ်စားလာပြီးနောက် Mi Max 3 ဟာ ကင်မရာနဲ့လုပ်ဆောင်ချက်အစုံကို AI features တွေနဲ့ပုံဖော်သွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ ခေတ်ပေါ် Face Unlock ၊ AI voice assistant နဲ့Quick Charge 3.0 support ပေးထားတဲ့ 5500 mAh ဘက်ထရီများကလည်း Mi Max 3 အတွက် စိတ်ဝင်စားစရာ အချက်အလက်တွေ ဖြစ်နေပါတယ်။

photo: techradar

 

render ပုံမှာ အနက် ၊ အပြာနဲ့ရွှေ ကာလာ ၃ ရောင်နဲ့ပြထားပြီး ဈေးနှုန်းကိုတော့ ၁_၉၉ ယွမ်လို့ ပြထားလို့အမြင့်ဆုံး ၁၉၉၉ ယွမ် ဖြစ်မယ်ဆိုရင်တောင် မြန်မာငွေနဲ့ဆို ၄ သိန်း ၂ သောင်းခွဲကျော်ပဲ ကျသင့်မှာ ဖြစ်လို့စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က