fingerprint လည်း သုံးသွားမှာပါ။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာ mid-range မော်ဒယ် Redmi 6 Pro နဲ့Mi Pad series သစ်ကို မိတ်ဆက်သွားမှာပါ။



 

ဇွန်လ ၂၅ ရက်နေ့မိတ်ဆက်သွားမယ့် Xiaomi Mi Pad  ဟာ ကုမ္ပဏီထုတ် Mi Pad series တက်ဘလက်တွေထဲမှာ ပထမဆုံး AI Face Unlock စနစ် ပါလာမယ်လို့ကုမ္ပဏီရဲ့ Weibo Acc မှာ တရားဝင်ဖော်ပြထားပါတယ်။ ထူးခြားတာက Xiaomi ဟာ Mi Pad 4 မှာ မျက်နှာပြင်ဖတ်နည်းပညာအပြင် လက်ဗွေစနစ်ပါ သုံးသွားဖို့ရှိနေပါတယ်။ WiFi မော်ဒယ် နဲ့LTE ချိတ်နိုင်တဲ့ မော်ဒယ်ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့လာဖို့ရှိတဲ့ Mi Pad 4 ဟာ မျက်နှာပြင် ၈ လက်မ Full HD display ပါရှိမယ်လို့သတင်းထွက်ထားပါတယ်။ processor အနေနဲ့Snapdragon 660 SoC နဲ့အတူ RAM / storage ကိုတော့ နှစ်မျိုးနဲ့လာမှာပါ။

WiFi မော်ဒယ်ဟာ RAM 4GB/64GB storage သုံးသွားဖို့ရှိပြီး LTE မော်ဒယ်မှာတော့ RAM / storage ပမာဏကို 6GB/128GB အထိ သုံးသွားဖို့ရှိနေပါတယ်။ ဘက်ထရီကိုတော့ အရင် Mi Pad series တွေလိုပဲ အကြီးစား 6000 mAh ဘက်ထရီပါရှိမှာ ဖြစ်ပြီး ကျောဘက် 13MP နဲ့ရှေ့ဘက် 5MP ပါလာမယ်လို့သတင်းထွက်ထားပါတယ်။ တကယ်တမ်း စိတ်ဝင်စားစရာ ကောင်းတာကတော့ Face Unlock စနစ်ဖြစ်ပြီး တက်ဘလက် တစ်လုံးအတွက်အထူးခြားဆုံး feature လို့လည်း ဆိုနိုင်ပါတယ်။

 

တရားဝင်ဈေးနှုန်းကို မသိရသေးပေမယ့် လက်ရှိကြားနေရတာကတော့Wifi မော်ဒယ်အတွက် ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) နဲ့LTE မော်ဒယ်အတွက် ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးရှိမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က