အကြီးစားဘက်ထရီ သုံးထားပါတယ်။

4G LTE ပါဝင်ပြီး ဘက်ထရီပါဝါ အကြီးစားသုံးထားတဲ့ တက်ဘလက်တစ်မျိုးကို  Xiaomi က မိတ်ဆက်လိုက်ပါတယ်။

Xiaomi-Mi-Pad-4-Plus-Feature-Image-810x298_c.jpg

Photo: XDA Developers

 

ဇူလိုင်လကုန်ပိုင်းက Mi Pad 4 ကို မိတ်ဆက်ခဲ့တဲ့ Xiaomi ဟာ Plus ဗားရှင်းအဖြစ် screen size ကြီးထားတဲ့ မော်ဒယ်သစ်ကို မိတ်ဆက်လာတာပါ။ Mi Pad 4 Plus ဗားရှင်းဟာ ရုပ်ထွက် resolution ပိုင်းမှာ Mi Pad 4 အတိုင်း 1200 x 1920 pixel နဲ့လာပြီး မျက်နှာပြင် ၁၀.၁ လက်မရှိပါတယ်။ ကိုယ်ထည်ထောင့်စွန်းတွေကို လုံးထားပြီး 16:10 aspect ratio နဲ့ထွက်လာခဲ့တာပါ။

ဒီဇိုင်းနဲ့ ၄၈၅ ဂရမ် အလေးအချိန်ဟာ မျက်နှာပြင် ၈ လက်မအရွယ် Mi Pad 4 နဲ့အတူတူပဲ ဖြစ်ပြီး processor ကိုလည်း 2.2GHz octa core Snapdragon 660 processor ကိုပဲ သုံးထားပါတယ်။ RAM/storage ပိုင်းမှာ အနိမ့်ဆုံး 4GB/64GB ဗားရှင်းနဲ့RAM 4GB/128GB storage ဆိုပြီး နှစ်မျိုး ပါရှိတာကလွဲရင် ကင်မရာပိုင်းမှာလည်း Mi Pad 4 ရိုးရိုးနဲ့အတူတူပဲ ဖြစ်ပါတယ်။

ကင်မရာအနေနဲ့Mi Pad 4 Plus ဟာ HDR mode နဲ့1080p ရုပ်ထွက် ဗွီဒီယိုတွေ ရိုက်ကူးနိုင်မယ့် 13MP ကျောဘက် ကင်မရာနဲ့Face Unlock သုံးနိုင်မယ့် 5MP ရှေ့ကင်မရာသုံးထားသလို ရှေ့ဘက် home button မှာလည်း လက်ဗွေဖတ်စနစ် ထည့်သွင်းပေးထားပါတယ်။

ဒီတက်ဘလက်ဟာ တစ်ခါအားသွင်းထားတာနဲ့အကြာကြီး အားခံတဲ့ 8620mAh ဘက်ထရီဖြစ်ပေမယ့် အားသွင်းရာမှာတော့ 10W ပဲ ထွက်တဲ့ 5V/2A charger ဖြစ်လို့အားသွင်းလို့သိပ်မြန်မှာတော့ မဟုတ်ပါဘူး။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Xiaomi ရဲ့ MIUI 9 ထည့်ထားတဲ့ Android 8.1 Oreo ပါရှိပြီး မကြာခင်မှာ MIUI 10 update ပေးသွားမယ်လို့ဆိုပါတယ်။

Photo: GSMArena

 

Mi Pad 4 Plus ဟာ WiFi+ 4G LTE ဗားရှင်းတစ်မျိုးတည်းနဲ့လာပြီး ကာလာပိုင်းမှာ အနက် နဲ့ရွှေ ၂ ရောင်တည်း ထွက်ထားတာပါ။ ဈေးကွက်မှာတော့ Mi Pad 4 Plus ရဲ့ 64GB ဗားရှင်းကို ၁၈၉၉ ယွမ် (မြန်မာငွေ ၄ သိန်းကျော်) နဲ့128GB မော်ဒယ်ကို ၂၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲ) ခန့်ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က