နားကြပ်ပေါက် ပါလာဖို့ရှိပါတယ်။

တန်ဖိုးကြီး Google Pixel 3 ဖုန်းကို Lite ဗားရှင်းနဲ့မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ Pixel 3 Lite အကြောင်း အချက်အလက်တစ်ချို့ကြားလာရပြီ ဖြစ်ပါတယ်။

gsmarena_001.jpg

Photo: gsmarena

 

mid-range မော်ဒယ်အနေနဲ့ထွက်လာမယ့် Pixel 3 Lite မှာ ထူးခြားတာက Google ရဲ့ ပထမဆုံးမျိုးဆက် Google Pixel / Pixel XL တို့အတိုင်း 3.5mm headphone jack ထည့်လာတာပါ။ Google Pixel ဖုန်းတွေဟာ headphone jack သုံးတဲ့ နောက်ဆုံး မျိုးဆက်ဆိုလည်း မမှားပါဘူး။

Google Pixel 3 Lite ရဲ့ ကုဒ်နာမည်ကို Sargo လို့ပေးထားပြီး IPS LCD display နဲ့လာမယ်လို့ဆိုပါတယ်။ မျက်နှာပြင် ၅.၅၆ လက်မ (2220 x 1080 pixel) ပါရှိပြီး notch မသုံးထားတာ တွေ့ရပါတယ်။ အလတ်တန်းစားဖုန်းဖြစ်တဲ့ အတိုင်း သုံးထားတဲ့ specs တွေကလည်း တကယ့်ကို mid-range တွေ ဖြစ်မှာပါ။

သတင်းတွေမှာတော့ Snapdragon 670 processor ၊ RAM 4GB/ 32GB Storage သုံးသွားမယ်လို့ထွက်နေပါတယ်။ ဖုန်းကိုယ်ထည်ကတော့ မှန်ကိုယ်ထည်မဟုတ်ဘဲ ပလတ်စတစ်နဲ့ဖွဲ့စည်းထားပြီး ပါဝါခလုတ်ကို နီယွန်အစိမ်းရောင်ကာလာနဲ့လာမှာပါ။ ဘက်ထရီကတော့ 2915 mAh ဘက်ထရီဖြစ်ပြီး wireless charging ကို မျှော်လင့်လို့မရပါဘူး။ ဆော့ဖ်ဝဲလ်စနစ်ကတော့ သေချာပေါက် Andorid 9 Pie ကို သုံးသွားမှာပါ။

Google Pixel ဖုန်းတွေဟာ ကင်မရာစနစ်မှာ လေးစားလောက်တဲ့ စွမ်းရည်တွေ ပြထားပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Pixel 3 ဖုန်းတွေမှာဆို အကောင်းဆုံး ပုံကို ဆွဲထုတ်ပေးမယ့် Top Shot ကင်မရာစနစ်များ ၊ ဖရိမ်အများကြီးနဲ့AI ကို သုံးပြီး zoom မဆွဲရဘဲနဲ့ရှင်းလင်းပြတ်သားတဲ့ ပုံထွက်လာစေမယ့် Super Res Zoom ၊ ပြုံးပြမယ့် အလိုအလို ဆယ်လ်ဖီဆွဲပေးမယ့် Photobooth နဲ့အလင်းအားနည်းချိန်မှာ ပိုကောင်းတဲ့ ပုံ ရစေမယ့် Night Shot သစ်တွေနဲ့ထွက်လာခဲ့တာပါ။

Photo: Tech Radar

 

Pixel 3 Lite မှာတော့ dual LED flash နဲ့အတူ 12MP ကျောဘက် ကင်မရာနဲ့8MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ Lite ဗားရှင်းရဲ့ ကင်မရာစနစ်ကလည်း အထင်ကြီးစရာတွေ မြင်ရဖို့ရှိပါတယ်။ အခုချိန်ထိတော့ Google Pixel 3 Lite ကို ဘယ်နေ့မှာ ဘယ်ဈေးနဲ့မိတ်ဆက်သွားမယ်ဆိုတာ မသိရသေးပါဘူး။

Share

Loading Next Article...
က္က