18:9 screen သုံးသွားတာပါ

Android Go ဟာ တန်ဖိုးနည်း low-end ဖုန်းဖြစ်ပြီး stroage နည်းနည်းပဲ သုံးထားတဲ့ အထူး edition ပါ။



Capture11.JPG

photo: GSMArena

 

Alcatel 1X ကစပြီး အန်းဒရိုက်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ Android Go ဖုန်းတွေ ထုတ်လာတာ အတော်လေးကို စုံလင်လာနေပါပြီ။ Android Go ဗားရှင်းအဖြစ် Motorola မိတ်ဆက်လိုက်တာက တစ်ခြား ကုမ္ပဏီတွေနဲ့မတူကွဲပြားနေပါတယ်။

Motorola ဟာ ဒီနှစ် ဧပြီလထဲမှာ Moto E5 Play နဲ့E5 Plus နှစ်မျိုးပဲ မိတ်ဆက်ခဲ့ပြီး Android Go edition အဖြစ် မိတ်ဆက်လိုက်တဲ့ မော်ဒယ်ကတော့ E5 Play ကို ပြန်ပြောင်းထားတာပါ။ Android Go Edition ဖြစ်လို့ဒီမော်ဒယ်ဟာ အရည်အသွေးနိမ့် hardware သုံးထားပေမယ့် သုံးစွဲသူများအတွက် မြန်ဆန်ကောင်းမွန်တဲ့ performance ပေးနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်က Motorola ရဲ့ ပထမဆုံး Android Go ဖုန်းဟာ မျက်နှာပြင် ၅.၂ လက်မ 16:( screen ပါ မူရင်း E5 Play ထက် သာတဲ့ မျက်နှာပြင် ၅.၃ လက်မ 18:9 aspect ratio နဲ့လာတာပါ။ တန်ဖိုးနည်း Android Go မော်ဒယ်ဖြစ်ပေမယ့် ဒီဖုန်းဟာ Moto E5 Play နဲ့သိပ်မကွာတဲ့ ဖုန်းတစ်လုံး ဖြစ်နေပါတယ်။

processor ပိုင်းမှာ Snapdragon 425 chipset သုံးတာကလည်း လေးစားစရာပါ။ RAM/storage ကတော့ Android Go ဖုန်းတွေရဲ့ ကန့်သတ်ချက်အတိုင်း 1GB/16G storage ပါရှိပါတယ်။ storage 16GB ကိုမှ ထပ်ပြီး တိုးဖို့microSD card support ပေးထားပါတယ်။

ကင်မရာစနစ်ပိုင်းမှာ ရှေ့5MP ကင်မရာ နောက် 8MP ကင်မရာ နှစ်မျိုးစလုံးဟာ LED Flash တွေ ထည့်သွင်းပေးထားသလို fingerprint scanner ကိုလည်း ကျောဘက်မှာပဲ ထည့်ထားပေးပါတယ်။ fingerprint နဲ့18:9 screen ဒီဇိုင်းကတော့ Android Go ဖုန်းတွေထဲမှာ ခပ်ရှားရှားလို့ဆိုရမှာပါ။

E5 Play Go ဟာ 2100 mAh ဘက်ထရီသုံးထားပြီး Go Edition Android Oreo စနစ် ပါရှိပါတယ်။ Go Edition ဖြစ်တဲ့အတိုင်း Google stock apps တွေ ဖြစ်တဲ့ YouTube Go ၊ Maps Go စတာတွေကို ဒေတာအစား သက်သက်သာသာနဲ့မြန်မြန်သွက်သွက် သုံးနိုင်မှာပါ။

photo: GSMArena

 

Android Go ဖုန်းတွေဟာ တန်ဖိုးနည်း ဘက်ဂျက်ဖုန်းတွေ ဖြစ်ပါတယ်။ Motorola E5 Play Go ကတော့ ဈေးကွက်ပေါ် လိုက်ပြီး အများဆုံး ၁၂၈ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်း) ပဲ ကျသင့်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က