iPhone X ဒီဇိုင်းနဲ့Huawei P20 Pro ကာလာသုံးထားပါတယ်

iPhone X ဒီဇိုင်းကို ပုံတူပွားတဲ့ ဖုန်းတွေထဲမှာ Lenovo ရဲ့ အမှတ်တံဆိပ်ခွဲ Motorola P30 က နောက်ဆုံးပေါ်လို့ပြောရမှာပါ။



Motorola-P30-girl.jpg

Photo: GSMArena

 

Moto ဝက်ဘ်ဆိုက်မှာ တရားဝင် မိတ်ဆက်ထားတဲ့ ဒီဖုန်းဟာ iPhone X စတိုင် ခပ်ကြီးကြီး notch ပါတဲ့ ၆.၂ လက်မ IPS LCD display (2246 x 1080 pixel) သုံးထားပြီး 19:9 screen အချိုးကြောင့် အတော်လေးကို ရှည်သွယ်တဲ့ ဖုန်းတစ်လုံးအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။ အလူမီနီယံဘောင်ကွပ်ထားတဲ့ မှန်ကိုယ်ထည်နဲ့အတူ display မှာ iPhone X လောက် ဘေးဘောင်မပါးဘဲ အောက်ခြေမှာ chin အသေးတစ်ခု ပါရှိထားပါတယ်။

mid-range မော်ဒယ်အနေနဲ့မိတ်ဆက်ထားတဲ့ ဒီဖုန်းဟာ 1.8GHz octa-core Snapdragon 636 processor နဲ့အတူ အမြင့်စား RAMဖြစ်တဲ့ 6GB အထိ သုံးထားတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ storage ပိုင်းမှာ 64GB နဲ့128GB ဗားရှင်း ၂ မျိုးနဲ့ဝယ်ယူနိုင်ပြီး microSD card ကနေ storage မြှင့်နိုင်တာကလည်း ကျေနပ်စရာ ဖြစ်မှာပါ။

ကင်မရာနဲ့logo ဒီဇိုင်းကိုလည်း iPhone အတိုင်း ဒေါင်လိုက်ညာဘေးကပ် dual cameras တွေနဲ့လာပါတယ်။ OmniVision ကနေ ထုတ်ထားတဲ့ 16MP နဲ့5MP ကင်မရာ sensors များ သုံးထားပြီး အလယ်မှာ dual tone LED flash မီးထည့်ထားပါတယ်။ ရှေ့12MP ကင်မရာကတော့ ဆယ်လ်ဖီရိုက်ဖို့အပြင် မျက်နှာပြင် လော့စနစ်အတွက်ပါ အသုံးပြုနိုင်မှာပါ။

3000 mAh ဘက်ထရီကိုမှ 18W fast charging စနစ်နဲ့လာတဲ့ ဒီဖုန်းဟာ ကာလာပိုင်းမှာ Huawei P20 Pro မှာ စသုံးသွားတဲ့ Aurora ကာလာ ၊ တောက်ပတဲ့ အနက်ကာလာနဲ့ရေခဲဖြူကာလာ ၃ မျိုး ပါရှိမှာ ဖြစ်ပါတယ်။ Android စနစ်အနေနဲ့Lenovo ရဲ့ ZUI 4.0 ထည့်ထားတဲ့ Android  Oreo စနစ်နဲ့ထွက်လာပါတယ်။ Motorola P30 ဟာ nano coating အုပ်ထားလို့ရေစိုခံနိုင်တယ်လို့လည်း ကုမ္ပဏီက ကြေငြာထားပါတယ်။

Photo: Phone Arena

 

ဒီဖုန်းကို တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်သွားမှာ ဖြစ်ပြီး 64GB မော်ဒယ်ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) နဲ့128GB မော်ဒယ်ကို ၂၀၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၆ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က