Google ရဲ့ Android Go ပရောဂျက်နဲ့ ထုတ်သွားမယ့် Nokia 1 ဟာ HMD Global ထုတ် Nokia စမတ်ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးစမတ်ဖုန်းဖြစ်ဖို့ ရှိပါတယ်။ ဒီဖုန်းကို လာမယ့် မတ်လထဲမှာ ကြေငြာသွားမှာ ဖြစ်ပြီး ဖုန်းရဲ့ ဒီဇိုင်းပုံတွေ အွန်လိုင်းမှာ ပေါက်ကြားလာပြီ ဖြစ်ပါတယ်။

 

RAM ပမာဏနည်းနည်းပဲ သုံးတဲ့ ဘက်ဂျက်ဖုန်းတွေအတွက် Google ကနေ အပေါ့စား ဗားရှင်း အဖြစ် Android Go နာမည်နဲ့ သီးသန့် ဗားရှင်းတစ်မျိုးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ စတင်ဖြန့် ချိခဲ့တာပါ။ entry level ဖုန်းတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဒီဗားရှင်းဟာ RAM 512MB (သို့ မဟုတ်) 1GB အထိ သုံးထားတဲ့ ဖုန်းတွေမှာ လိုင်းဆွဲအားကောင်းကောင်းနဲ့ သွက်သွက်လက်လက် သုံးအောင် ဒီဇိုင်းထုတ်ထားတာပါ။ Nokia 1 ရော Nokia 2 ပါ entry level ဘက်ဂျက်ဖုန်းတွေ ဖြစ်ပေမယ့် မတူတာက Nokia 2 ဟာ full version Android စနစ်နဲ့ ထွက်လာတာ ဖြစ်ပြီး Nokia 1 ကသာ Android Go နဲ့ ထွက်လာတဲ့ ပထမဆုံးဖုန်းဖြစ်နေတာပါပဲ။

Android GO နဲ့ လာတဲ့ ဖုန်းဖြစ်လို့ Nokia 1 မှာ အမြင့်ဆုံး RAM ပမာဏအဖြစ် RAM 1GB ထက် ပါရှိမှာ မဟုတ်ပါဘူး။ ဖုန်းကိုယ်ကလည်း သတ္ထုနဲ့ ပလက်စတစ်ရောဒီဇိုင်းဖြစ်ပြီး display ကတောာ့ 720p IPS LCD display ဖြစ်မှာပါ။ ဒီဇိုင်းအမြင်ပိုင်းမှာ Nokia 1 ဟာ Nokia 2 နဲ့ သိပ်ကွာဖို့ မရှိပါဘူး။ ပုံတွေအရတော့ ဒီဖုန်းဟာလည်း ကျောဘက်နဲ့ ရှေ့ ဘက်မှာ ကင်မရာ ၁ လုံးစီပဲ သုံးသွားဖို့ ရှိနေပါတယ်။ Android GO ပရောဂျက်ထုတ် ဖုန်းဖြစ်လို့ Google Maps ၊ Google Assistant နဲ့ YouTube စတဲ့ Google services တွေကို Go version အနေနဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။

play

 

လာမယ့် ဖေဖော်ဝါရီ MWC ပွဲမှာ မိတ်ဆက်သွားဖို့ ရှိတဲ့ Nokia 1 ရဲ့ လက်ရှိသတင်းထွက်နေတဲ့ ဈေးနှုန်းကတော့ ၉၅ ဒေါ်လာ ဝန်းကျင် (မြန်မာငွေ ၁ သိန်းကျော်) လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video