မှန်ကိုယ်ထည် dual cameras နဲ့လာတာပါ

မြန်မာငွေ ၂ သိန်းခွဲအောက် ဈေးနဲ့အိန္ဒိယရဲ့ mid-range ဖုန်းဈေးကွက်ထဲကို Nokia 5.1 Plus ဝင်ရောက်လာပြီ ဖြစ်ပါတယ်။



dc-Cover-spi9j14lelre66ek8krj38b3d6-20180718150413.Medi.jpeg

Photo: Deccan Chronicle

 

Nokia ရဲ့ နောက်ဆုံးထွက် ဘက်ဂျက်ဈေးတန် mid-range ဖုန်းဖြစ်တဲ့ Nokia 5.1 Plus ဟာ notch ခပ်ကြီးကြီးနဲ့ထွက်လာတဲ့ ခေတ်ပေါ် စမတ်ဖုန်းတစ်လုံးပါ။ ဒီဘက်ခေတ်မှာ နည်းနည်း သေးတယ်လို့ပြောနိုင်တဲ့ မျက်နှာပြင် ၅.၈၆ လက်မ ဆိုဒ်နဲ့လာပြီး glass body ဒီဇိုင်းကြောင့် ဖုန်းအလှဟာ ကြွနေမှာပါ။ ဒီဖုန်းရဲ့ အဓိက အားသာချက်က AI အခြေပြု ပုံဖော်စနစ်နဲ့performance အမြင့် သုံးထားတာ ဖြစ်ပါတယ်။

"Nokia 5.1 Plus နဲ့အတူ ကျွန်တော်တို့ဟာ performance ၊ AI ရိုက်ကူးရေးနည်းပညာနဲ့ခေတ်ပြိုင်ဒီဇိုင်းတွေ ပေါင်းစပ် ထည့်သွင်းပေးထားပါတယ်။ဒါကတော့ မိုဘိုင်းလ်ဂိမ်းကစားသူတွေ ၊ ရုပ်သံချစ် ပရိတ်သတ်တွေနဲ့content အလန်းတွေ ရိုက်ကူးချင်သူတွေအတွက်ပါ" လို့HMD Gloab ရဲ့ အိန္ဒိယဈေးကွက်အကြီးအကဲ အဂျေး မတ္ထာက ဆိုပါတယ်။

တကယ်လည်း Nokia 5.1 Plus ဟာ Mediatek Helio P60 လို အမြင့်စား mid-range chipset နဲ့လာပြီး RAM 3GB/4GB နှစ်မျိုး ထွက်ထားတာပါ။ onboard storage အနေနဲ့32GB နဲ့64GB ပါရှိပြီး 10W charging ထွက်တဲ့ 3060 mAh ဘက်ထရီလည်း ပါရှိပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ကင်မရာပါ။

ကျောဘက်မှာ 13MP ကင်မရာနဲ့တယ်လီအတွက် depth sensor ဖမ်းနိုင်တဲ့ 5MP ကင်မရာ ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ 8MP ကင်မရာ သုံးသွားတာပါ။ AI ပံ့ပိုးချက်တွေ ပါရှိတဲ့ ဒီကင်မရာစနစ်ဟာ Nokia 5.1 Plus လို ဘက်ဂျက်အလတ်စား ဖုန်းအတွက် ဆွဲဆောင်မှု ရှိနေပါတယ်။ ကျောဘက် ကင်မရာတွေအောက်မှာတော့ fingerprint scanner ပါရှိထားပါတယ်။

ဆော့ဖ်ဝဲလ်စနစ်မှာ တစ်ခုကောင်းတာက Android One နဲ့လာတဲ့ Androi 8.1 Oreo ပါရှိလို့၃ နှစ်အထိ security updates တွေ ရနေမှာပါ။ Nokia 5.1 Plus ဟာ အနက် နဲ့အပြာရင့် ၂ ရောင်နဲ့လာပြီး ဈေးနှုန်းက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo: IBTimes India

 

အိန္ဒိယဈေးကွက်မှာ Nokia.com နဲ့Flipkart နှစ်နေရာကနေ အောက်တိုဘာ ၁ ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ရူပီး ၁၀၉၉၉ (မြန်မာငွေ ၂ သိန်း ၄ သောင်းကျော်) ကနေ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က