selfie နဲ့fingerprint နေရာအတွက် dual notch သုံးလာတာပါ

ဂျပန်ဖုန်း brand တစ်ခု ဖြစ်တဲ့ Sharp ကတော့ notch ကို ဖုန်းတစ်လုံးမှာ ဘယ်လို လှအောင် တပ်ဆင်ရမလဲဆိုတာကို Aquos R2 Compact ဖုန်းသစ်နဲ့သက်သေပြလိုက်ပါတယ်။



 

ဈေးကွက်ထဲကို လာမယ့် ဇန်နဝါရီလမှာ ဖြန့်ချိရောင်းချသွားမယ့် ဒီဖုန်းဟာ သူ့အရင် ထွက်ခဲ့တဲ့ Aquos R Compact ကို အောက်ခြေမှာ notch တစ်ခုနေရာပေးပြီး ဗားရှင်းသစ်နဲ့ထုတ်ထားတဲ့ ဒီဇိုင်းပါ။ အောက်ခြေဘောင်မှာ fingerprint scanner အတွက် နေရာချန်ပြီး တစ်ခြား ပိုနေတဲ့ နေရာတွေကို ဖယ်ရှားထားတာကြောင့် အရင်မော်ဒယ်ရဲ့ အောက်ဘောင်ထက် ထက်ဝက်မက ပိုပြီး bezel-less ဖြစ်သွားပါတယ်။

ဖုန်းကိုယ်ထည် အရွယ်အစားအားဖြင့် Aquos R2 Compact ဟာ Aquos R Compact နဲ့တစ်ရွယ်တည်းဖြစ်ပေမယ့် bezel ပါးသွားပြီး မျက်နှာပြင်ပိုပြန့်လာပါတယ်။ မျက်နှာပြင် ၅.၂ လက်မ FullHD+ LCD display နဲ့လာပြီး display ရုပ်ထွက်ပိုင်း မထူးခြားပေမယ့် performance ပိုင်းမှာ high-end ဖုန်းတစ်လုံးရဲ့ အရသာကို ခံစားရမှာပါ။

mid-range ဖုန်းတစ်လုံးအနေနဲ့ဈေးကွက်ထဲ ဝင်လာမယ့် Aquos R2 Compact ဟာ ဒီနှစ်အတွက် အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 845 chipset ကို သုံးထားတာ ဖြစ်ပြီး RAM/storage အနေနဲ့4GB/64GB အတွဲနဲ့ထွက်လာပါတယ်။ ဖုန်းနဲ့စာရင် 2500 mAh ဘက်ထရီကတော့ သိပ်မကိုက်ချင်ဘူးလို့ဆိုနိုင်ပါတယ်။

အရင်မော်ဒယ်မှာလည်း 2500 mAh ဘက်ထရီပဲ သုံးထားပြီး Quick Charge 3.0 အားသွင်းစနစ် ပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာ Aquos R2 Compact ဟာ ရှေ့ဘက် 8MP ကင်မရာနဲ့ကျောဘက် 22.6MP ကင်မရာတစ်လုံးကို သုံးထားပြီး OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ သုံးနိုင်တဲ့ အလန်းစား ကင်မရာရိုက်ချက်တွေကို ခံစားရမှာ ဖြစ်ပါတယ်။

Photo: engadget

 

IP68 rating  ရတဲ့ ရေစိုခံဖုန်းတစ်လုံးအနေနဲ့ထွက်လာတဲ့ Aquos R2 Compact  ဖုန်းဟာ Android 9 Pie ဗားရှင်းသစ်ကို သုံးလာတဲ့ ရှားပါး အန်းဒရိုက်ဖုန်းတစ်လုံးထဲမှာ ပါဝင်နေပါတယ်။  လောလောဆယ် ဂျပန်တစ်နိုင်ငံတည်းမှာပဲ ဝယ်နိုင်မှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ထဲကိုတော့ လာမယ့် ဇန်နဝါရီလလယ်မှာ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က