AD
AD
AD

နာမည်ကြီး VR headset ကုမ္ပဏီ Oculus နဲ့ Xiaomi တို့ မိတ်ဖက်ပြု ပူးပေါင်းလိုက်ပြီးနောက် တရုတ်ဈေးကွက်အတွက် သီးသန့် ထုတ်ကုန်အဖြစ် Mi VR Standalone headset သစ်ကို ဖြန့် ချိတော့မှာ ဖြစ်ပါတယ်။

play

 

တကယ်တော့ တရုတ်မှာ ဖြန့် ချိသွားမယ့် Mi VR Standalone Headset ဟာ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်စရာမလိုတဲ့ Oculus ရဲ့ ပထမဆုံး Oculus Go VR နားကြပ်ကိုမှ တရုတ်ဗားရှင်းအသွင်နဲ့ ပြန်ထုတ်ထားတာပါ။ ဒီဇိုင်းနဲ့ function ပိုင်းမှာတော့ Oculus Go နဲ့ အခု Mi VR Standalone နားကြပ်တို့ က အတူတူပါပဲ။ သုံးထားတဲ့ processor ကလည်း Snapdragon 821 Mobile VR chipset ဖြစ်လို့ ဖုန်းတွေ PC တွေ ၊ ကေဘယ်လ်ကြိုးတွေနဲ့ ချိတ်စရာမလိုဘဲ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ရုပ်ထွက်အမြင်ပိုင်းမှာတော့ ဒုတိယမျိုးဆက် lens တွေသုံးထားတဲ့ 2K resolution LCD screen နှစ်ခု သုံးထားတာပါ။

Oculus ရဲ့ နည်းပညာတွေနဲ့ ထွက်လာတဲ့ VR headset ဖြစ်တဲ့အတိုင်း Mi VR standalone မှာ Oculus ရဲ့ Spatial Audio အသံစနစ် built in ပါရှိသလို နားကြပ်နဲ့ မှ နားထောင်ချင်တယ်ဆိုရင်လည်း 3.5mm နားကြပ်စနစ်ကို ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။ Xiaomi Mi VR Standalone headset မှာ နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုက touchpad ထိတွေ့ မှုစနစ်နဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့ motion controller တစ်ခုလည်း ပါရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ VR ပုံရိပ်ယောင်ခံစားမှုအတွေ့ အကြုံကို စိတ်ကြိုက် ဖန်တီးခံစားနိုင်မှာပါ။

 

ဒီ headset မှာ Oculus Mobile SDK ရော Xiaomi Mi VR SDK ပါ support ပေးထားတာ ဖြစ်လို့ Mi VR Play ပလက်ဖောင်းပေါ်ကို Oculus ရဲ့ contents တွေ (ဂိမ်း ၊ ရုပ်ရှင် ၊ ဂီတ စသည်) တို့ ကို တင်ဆော့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်ဈေးကွက်နဲ့ လက်လှမ်းမမီခဲ့တဲ့ Oculus အတွက် ကုမ္ပဏီရဲ့ နာမည်ကျော် contents တွေကို သုံးနိုင်ဖို့ ပထမဆုံး ဆောင်ရွက်ချက်လို့ လည်း ဆိုနိုင်ပါတယ်။ Xiaomi Mi VR Standalone headset ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ဒေါ်လာ ၂၀၀ တန် Oculus Go ရဲ့ ဈေးနဲ့ မတိမ်းမယိမ်းပဲ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD