မေလကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိပါတယ်။

OnePlus ဖုန်းတွေဟာ ဈေးသင့်တဲ့ ပရီမီယံဖုန်းတွေအနေနဲ့နာမည်ကြီးပါတယ်။ နောက်နှစ်ထဲမှာ မြင်ရမယ့် OnePlus ရဲ့ 5G ဖုန်းကတော့ တန်ဖိုးကြီး ဖုန်းမော်ဒယ်အဖြစ် မြင်ရတော့မှာပါ။



oneplus-5g1.jpg

Photo: BGR

 

OnePlus ရဲ့ CEO ပီတီလောင်ရဲ့ အဆိုအရ ၂၀၁၉ မော်ဒယ် OnePlus 5G ဖုန်းဟာ OnePlus 6T ထက် ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အထိ ပိုများဖို့ရှိတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလထဲမှာ ထွက်ခဲ့တဲ့ OnePlus 6T ရဲ့ အနိမ့်ဆုံး မော်ဒယ် RAM 6GB ဗားရှင်းဟာ ဒေါ်လာ ၅၅၀ ရှိပြီး RAM 8GB ဗားရှင်းကို ဒေါ်လာ ၆၃၀ ဈေးတွေနဲ့ရောင်းခဲ့တာပါ။

5G မော်ဒယ်ဆိုပေမယ့် ပီတီလောင်ရဲ့ စကားအတိုင်းဆိုရင် OnePlus 5G ဖုန်းဟာ ဒေါ်လာ ၁၀၀၀ အောက်မှာပဲ ရှိဦးမှာပါ။ နဂိုကတည်းက OnePlus ဟာ flagship ဖုန်းတွေအကြားမှာ တန်ဖိုးသင့်တဲ့ မော်ဒယ်အနေနဲ့စိတ်ဝင်စားမှု ရထားခဲ့ပါတယ်။ ဒီဈေးနှုန်းနဲ့ဆို လက်ရှိ ပရီမီယံ ဖုန်းတွေထက်တောင် ဈေးက သက်သာဦးမှာ ဖြစ်လို့OnePlus 5G ဖုန်းဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာဖို့ရှိပါတယ်။

"နည်းပညာသစ်နဲ့5G အတွက် သုံးရတဲ့ R&D ပမာဏက ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းကို အတိုင်းအတာတစ်ခုအထိ တိုးမြှင့်ရာမှာ ရှောင်လွဲှလို့မရပါဘူး" လို့လောင်က ဆိုပါတယ်။ "ကျွန်တော်တို့အနေနဲ့ဈေးနှုန်းကို အများကြီး တိုးရအောင် မဖြစ်စေဖို့မျှော်လင့်ပါတယ်။ ဈေးကြီးတာက ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပိုင်း ဈေးကွက်ထိုးဖောက်တဲ့ ပုံစံလည်း မဟုတ်ပါဘူး"

၂၀၁၉ မှာ OEMs တွေ အတော်များများဟာ Qualcomm ရဲ့ ကျေးဇူးနဲ့5G ဖုန်းတွေ ထုတ်နိုင်တော့မှာပါ။ ဟာဝိုင်အီမှာ ကျင်းပခဲ့တဲ့ နည်းပညာ Summit မှာ Qualcomm ဟာ 5G ရတဲ့ Snapdragon 855 processor ကို မိတ်ဆက်ပြီး 5G ဖုန်းတွေအတွက် လမ်းစ ချခဲ့ပါတယ်။

Photo: ZDNET

 

Qualcomm ဟာ OnePlus အပါအဝင် OPPO ၊ Vivo ၊ Samsung နဲ့Sony စတဲ့ ဖုန်းကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး 5G chip တွေကို ၂၀၁၉ ဖုန်းမော်ဒယ်တွေမှာ သုံးနိုင်ဖို့စီစဉ်နေတာပါ။ OnePlus ရဲ့ 5G ဖုန်းကတော့ ၂၀၁၉ မေလကုန်ပိုင်းမှာ မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က