Aero Damascus ကာဗွန် သတ္ထုသားနဲ့ထုတ်ထားတာပါ

အမြင့်စား လုပ်ဆောင်ချက်တွေနဲ့သင့်တင့်တဲ့ ဈေးနှုန်းကြောင့် ထင်ရှားတဲ့ OnePlus 6 ဟာ luxury brand အဖြစ် ထွက်လာချိန်မှာတော့ မူရင်းဈေးထက် အနည်းဆုံး ၆ ဆကျော် ဈေးမြောက်သွားပါတယ်။



Photo: CNET

 

ပြင်သစ်brand တစ်ခု ဖြစ်တဲ့ Hadoro ကနေ custom ဒီဇိုင်းအဖြစ် ပြန်ထုတ်လိုက်တဲ့ ဗားရှင်းသစ်မှာတော့ ဈေးနှုန်းဟာ ၃၁၅၆ ဒေါ်လာဈေး ရှိလာပါတယ်။ လက်ရှိပေါက်ဈေး မြန်မာငွေနဲ့ဆို အနည်းဆုံး ၄၈ သိန်းခွဲကျော်တန် ဖုန်းဖြစ်သွားတာပါ။

Hadoro ကတော့ သူ့ရဲ့ ဗားရှင်းသစ်မှာ Aero Damascus ကာဗွန် သတ္ထုသားနဲ့ထုတ်ထားတယ်လို့ဆိုပါတယ်။ ကာဗွန်ဖိုက်ဘာ ၃၆ လွှာအုပ်ထားပြီး လေယာဉ်မှာသုံးတဲ့ အလူမီနီယံဖရိန်နဲ့ကွပ်ထားတာပါ။ ဒီဇိုင်းမှာ မျက်စိကို အဆွဲဆောင်ဆုံးက ကျောဘက်က လှိုင်းကောက်ကြောင်းများနဲ့အတူ logo ကလည်း LED panel နဲ့နောက်ကနေ လင်းနေအောင် ထုတ်လာတာ ဖြစ်ပါတယ်။

ဒီဖုန်းဟာ OnePlus တွေထဲမှာ ပထမဆုံး မှန်ကိုယ်ထည်နဲ့လာတဲ့ ဖုန်းပါ။ အစင်းခြစ်ခံနိုင်တဲ့ နီလာမှန်အုပ်ထားပြီး ရှေ့display ကလည်း AMOLEd နဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ မျက်နှာပြင် ၆.၂၈ လက်မ 19:9 screen နဲ့notch ဒီဇိုင်းကို ပထမဆုံး သုံးလာတဲ့ OnePlus ဖုန်းဆိုလည်း မမှားပါဘူး။

၂၀၁၈ ရဲ့ high-end ဖုန်းများအတိုင်း Snapdragon 845  SoC နဲ့လာတာ ဖြစ်ပြီး storage ကို 256GB အထိ သုံးလာခဲ့ပါတယ်။ RAM ပမာဏကို အနိမ့်အတွက် 6GB နဲ့အမြင့်မော်ဒယ် 8GB နှစ်မျိုး ထွက်ထားပါတယ်။ အားသွင်းစနစ်ပိုင်းမှာ USB Type C port ကနေ အားသွင်းနိုင်မယ့် 3300 mAh ဘက်ထရီ ပါရှိပါတယ်။

ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ် ပါရှိတဲ့ 16MP+20MP ကင်မရာနှစ်လုံးတွဲဟာ ဓါတ်ပုံအရည်အသွေးကို လိုသလို ပြင်ပေးမယ့် Smart Capture နဲ့HDR စနစ်သစ်တို့သုံးထားပါတယ်။ ရှေ့ဘက်မှာ 16MP ကင်မရာ ပါရှိပြီး face Unlock ဖုန်းလော့ခ်စနစ်ပါ သုံးနိုင်မှာပါ။

Photo: CNET

 

OnePlus 6 မော်ဒယ်တွေဟာ အနိမ့်ဆုံး ၇ သိန်းခွဲကျော်ကနေ ၈ သိန်းခွဲကျော်ဈေးတွေနဲ့ထွက်ရှိထားတာပါ။ တကယ်လို့Hadoro ဗားရှင်းကို ဝယ်ချင်တယ်ဆိုရင်တော့ ဒေါ်လာ ၃ ထောင်ကျော် (မြန်မာငွေ  ၄၈ သိန်း ၈ သောင်းခန့်) အထိ ကျသင့်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က