AD
AD
AD

Ooredoo ဖုန်းကိုင်သူတိုင်းအတွက် ဖုန်းခေါ်ဆိုရာမှာ ရက်ပေါင်း ၃၆၅ ရက်အထိ သက်တမ်းကြာမြင့်တဲ့ voice packs သစ်များကို စတင် မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်

“နွေ၊ မိုး၊ ဆောင်း” packsလို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ကို အနည်းဆုံး ၂၄၉ ကျပ်ကနေ စတင် ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပြီး pack တစ်ခုချင်းစီအလိုက် သီးသန့် ဝန်ဆောင်မှု ပုံစံများလည်း ပါဝင်ဦးမယ်လို့ ဆိုပါတယ်။ ဒီ packs တွေကို ၃၆၅ ရက်အတွင်း သုံးနိုင်မှာ ဖြစ်ပြီး ဘယ်ဖုန်းကိုမဆို ခေါ်ဆိုနိုင်မယ့် packs တွေလည်း ဖြစ်ပါတယ် ။ အစီအစဉ်အတွင်း မိမိလိုအပ်သလို စိတ်ကြိုက် ဝယ်ယူနိုင်မှာပါ။ “နွေ၊ မိုး၊ ဆောင်း” packs များကို စာရင်းသွင်းချင်တယ်ဆိုရင်တော့ *170# ကို ဖုန်းခေါ်ဆိုရမှာ ဖြစ်ပြီး voice pack တွေရဲ့ လက်ကျန်ငွေ ကို စစ်ဆေးမယ်ဆိုရင်တော့ *124# ကို ခေါ်ပြီး စစ်ဆေးနိုင်မယ်လို့ လည်း သိရပါတယ်။

play

 

ပြည်တွင်းအော်ပရေတာတစ်ခု ဖြစ်တဲ့ MPT ကလည်း တစ်မိနစ်ကို ၆ ကျပ်နှုန်းနဲ့ ဖုန်းပြောနိုင်မယ့် ချိုသာဝန်ဆောင်မှုကို ယခုလ ၁ ရက်နေ့ က စတင် မိတ်ဆက်ခဲ့ပါတယ်။ ၂၃၅ မိနစ်ထိ ဒီဝန်ဆောင်မှုကတော့ ၇ ရက် သက်တမ်းရှိပြီး ကုန်သွယ်ခွန်အပါအဝင် အသုံးပြုခ ၁၅၀၀ ကျပ် ကျသင့်မယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD