မြန်မာငွေ ၃ သိန်းကျော်တန် ဖုန်းပါ

Oppo ရဲ့ A series တွေမှာ ဒီလောက် ဘက်ထရီကြီးတဲ့ ဖုန်းမသုံးဖူးပါဘူး။



Oppo-A5-3.jpg

photo: sizescreens

 

ကျောဘက် dual camera နဲ့mid-range ဖုန်တစ်လုံးအနေနဲ့ထွက်လာတဲ့ Oppo A5 ဟာ notch display ဒီဇိုင်းနဲ့ပဲ မိတ်ဆက်ထားတာပါ။ မျက်နှာပြင် ၆.၂ လက်မ 19:9 screen သုံးထားတဲ့ ဒီဖုန်းဟာ ရုပ်ထွက် resolution အနေနဲ့720p ပဲ ပါဝင်ထားပါတယ်။

processor ကိုလည်း ပါဝါအစားသက်သာတဲ့ Qualcomm ထုတ် Snapdragon 450 chipset သုံးထားလို့ဖုန်းဘက်ထရီအား အစားသက်သာမှာပါ။ CPU အနေနဲ့မက်လောက်စရာ မရှိပေမယ့် RAM/storage ကို 4GB/64GB အထိ ပါလာလို့mid-range ဖုန်းတစ်လုံးအနေနဲ့မဆိုးဘူးလို့ပြောနိုင်ပါတယ်။

ကင်မရာပိုင်းမှာ ကျောဘက် LED flash နဲ့အတူ 13MP နဲ့2MP dual camera သုံးထားလို့ကင်မရာဆို dual မှ ကြိုက်သူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ရှေ့ဘက်မှာ မျက်နှာပေါ်က အသွင်လက္ခဏာပေါင်း ၂၉၆ ခုကို ဖတ်နိုင်တဲ့ AI အကူ အလှပြင်စနစ်နဲ့Face Unlock ပါတဲ့ 8MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။

ဒီဖုန်းရဲ့ အဓိက အားသာချက်က 4230 mAh ဘက်ထရီ ဖြစ်ပြီး တစ်ခါအားသွင်းတာနဲ့၁၄ နာရီအထိ ရုပ်ရှင်ဆက်တိုက် ကြည့်နိုင်သလို ၁၁ နာရီ ဂိမ်းဆော့နိုင်မယ်လို့ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ feature တစ်ခုကတော့ app တွေကို အနေအထားလိုက်ပြီး ပါဝါသုံးစွဲမှု အလိုအလျောက် ထိန်းညှိပိတ်ပေးသွားမယ့် Quick app freeze feature ပါဝင်လာတာပါ။

photo: Gizchina

 

ColorOS 5.1 ပါတဲ့ Android 8.0 Oreo နဲ့လာတဲ့ ဒီဖုန်းဟာ Mirror Blue နဲ့ပန်းရောင် ကာလာ နှစ်မျိုးနဲ့လာပြီး တရုတ်မှာ ၁၅၀၀ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) နဲ့ရောင်းချသွားမယ်လို့ဆိုတာကြောင့် တန်ဖိုးသင့် mid-range ဖုန်းဈေးကွက်အတွက် စိတ်ဝင်စားစရာလို့ဆိုနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က