နှစ်နှစ်အထိ ဖုန်းမှန်ကွဲဒဏ်ကို ကာကွယ်ပေးနိုင်မယ့် မှန်အမျိုးအစားပါ

တစ်မီတာအမြင့်ကနေ ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ် ပျမ်းမျှ ၁၅ အကြိမ်အထိ လွတ်ကျဒဏ်ခံနိုင်မယ့် မှန်တစ်မျိုးကတော့ Corning ထုတ် Gorilla Glass 6 ဖြစ်ပါတယ်။

[No available link text] 

ဇူလိုင်လထဲမှာ Gorilla Glass 6 စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ ဒီမှန်ဟာ Gorilla Glass 5 ထက် နှစ်ဆကျော် အကြမ်းပိုခံနိုင်တယ်လို့ကြေငြာထားတာပါ။ ဒီမှန်ကို ထုတ်လုပ်တဲ့ Corning ဟာ Apple ၊ Samsung နဲ့တစ်ခြား စမတ်ဖုန်းတွေအပါအဝင် brand ပေါင်း ၄၅ ခုရဲ့ ထုတ်ကုန်ပေါင်း သန်း ၆၀၀၀ ကျော်အတွက် မှန်တွေ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံ ၈ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ စမတ်ဖုန်းသုံးစွဲသူတစ်ဦဟာ တစ်နှစ်ကို ပျမ်းမျှ စမတ်ဖုန်းလွတ်ကျမှု ၇ ကြိမ် ကြုံတွေ့ကြတယ်လို့ဆိုပါတယ်။ Gorilla Glass 6 လို ၁ မီတာ (၃.၂ ပေကျော်) အမြင့်ကနေ ၁၅ ကြိမ်အထိ လွတ်ကျဒဏ်ခံနိုင်တဲ့ မှန်ကြောင့် စမတ်ဖုန်းတစ်လုံးဟာ ၂ နှစ်ကျော် မှန်ကွဲမယ့်ဒဏ်ကို ခံနိုင်ရည်ရှိမယ်လို့လည်း ကုမ္ပဏီမှ ဆိုပါတယ်။

"Corning Gorilla Glass 6 ဟာ Glass 5 ထက် ပိုမြင့်တဲ့ နေရာကနေ ကျတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ပိုပြီး အရေးကြီးတာတစ်ခုက ဒီမျိုးဆက်သစ် မှန်ဟာ အကြိမ်ပေါင်းများစွာ လွတ်ကျတဲ့ဒဏ်ကိုပါ ခံနိုင်အောင် ပြုလုပ်ထားတာပါ"လို့Corning Gorillas Glass ကုမ္ပဏီ အထွေထွေ မန်နေဂျာ ဂျွန် ဘေနီးက ပြောပါတယ်။

Corning ကတော့ Gorilla Glass 6 ကို ပထမဆုံး သုံးမယ့် စမတ်ဖုန်းဟာ OPPO ရဲ့ Flaship စမတ်ဖုန်းတစ်လုံး ဖြစ်လိမ့်မယ်လို့ကြေငြာထားပါတယ။် ဖုန်းရဲ့ နာမည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ Oppo ရဲ့ နောက်ထပ် ထွက်လာမယ့် flagship သစ်ကတော့ OPPO F9 နဲ့F9 Pro ဖြစ်လို့Gorilla Glass 6 ကို ပထမဆုံးသုံးမယ့် ဖုန်းတွေကလည်း OPPO F9 series ပဲ ဖြစ်ဖို့များပါတယ်။

Photo: My Smart Price

 

OPPO F9 ရဲ့ ဒီဇိုင်းပေါက်ကြားမှုအရ ဒီဖုန်းဟာ တြိဂံအသေးစားပုံ notch အသေးတစ်ခုပါရှိပြီး အောက်ခြေဘောင် ခပ်သေးသေး ဒီဇိုင်းနဲ့ထွက်လာဖို့ရှိပါတယ်။ OPPO F9 မှာ နာရီဝက်အတွင်း ဖုန်းဘက်ထရီ ၅၀% ထိ ဝင်စေမယ့် VOOC charging သုံးလာဖို့လည်း ရှိနေပါတယ်။ ဒီဖုန်းကို ဖြန့်ချိမယ့်ရက်တော့ မသိရသေးပါဘူး။

Share

Loading Next Article...
က္က