Huawei P20 Pro က အမြင့်ဆုံးရထားတာပါ

အခုချိန်ထိ DxOMark ရဲ့ ကင်မရာအဆင့်မှာ Huawei ရဲ့ နာမည်ကြီး P20 Pro ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။



iphone-xs-max-obzor-camera.jpg

Photo: 1review2day

 

Apple ရဲ့ တန်ဖိုးအကြီးဆုံးနဲ့အကောင်းဆုံး ကင်မရာပါဝင်တယ်ဆိုတဲ့ iPhone XS Max ကို ပြင်သစ်ကင်မရာဆော့ဖ်ဝဲကုမ္ပဏီ DxOMark ကနေ ကင်မရာစွမ်းရည်စစ်ဆေးရာမှာ ပျမ်းမျှ ၁၀၅ မှတ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တဲ့ Huawei P20 Pro ရဲ့ DxOMark ကတော့ ၁၀၉ မှတ်ထိ ရှိတာ ဖြစ်လို့iPhone XS Max ဟာ ကင်မရာအဆင့်မှာ Huawei P20 Pro နောက်မှာ ဒုတိယအဖြစ် ရောက်နေခဲ့တာပါ။

DxOMark ဟာ iPhone XS Max ရဲ့ အလင်းအားနည်းချိန် ရုပ်ငြိမ်နဲ့ဗွီဒီယိုရိုက်ရာမှာ ချီးကျူးခဲ့ပေမယ့် အလင်းထည့်ရာမှာ noice ပါလာတာမှာ ပြောစရာ ဖြစ်နေခဲ့ပါတယ်။ iPhone XS Max ဟာ iPhone X အတိုင်း 12MP dual cameras တွေ သုံးတာချင်းတူပေမယ့် pixel ကိုတော့ 1.22 µm ကနေ ပိုပြီး ကြီးတဲ့ 1.4 µm pixels ထည့်သွင်းထားတာပါ။

zoom ဆွဲရာမှာ အရင်နှစ် iPhone X ထက် ပိုပြီး အဆင့်မြင့်လာသလို video ရိုက်ကူးရာမှာလည်း ကာလာပြတ်သားမှု ၊ ရုပ်ငြိမ်စနစ် ကောင်းမွန်မှုနဲ့အတူ autofocus ချိန်ရာမှာ ပိုမို မြန်ဆန် တိကျမှုတွေ ရှိထားတယ်လို့ဆိုပါတယ်။ ရုပ်သံရိုက်ကူးမှုမှာ iPhone XS Max ဟာ 4K ဗွီဒီယိုကို 60fps နှုန်း ၊ 1080p FullHD ကို 240fps နှုန်းနဲ့အထိ ရိုက်နိုင်ပါတယ်။

DxoMark ဟာ ပုံနဲ့video စွမ်းဆောင်ရည်နှစ်ရပ်ပေါင်းပြီး အမှတ်ပေးခဲ့တာပါ။ ဒီအတွက် DxOMark ရဲ့ အင်ဂျင်နီယာတွေဟာ iPhone XS Max နဲ့ဓါတ်ပုံပေါင်း ၁၅၀၀ ကျော် နဲ့၂ နာရီစာ ဗွီဒီယိုတွေ ရိုက်ကူးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း iPhone XS ရဲ့ အကောင်းဆုံး ကင်မရာက ဓါတ်ပုံစနစ်ဖြစ်ပြီး DxOMark ဟာ ဓါတ်ပုံမှာ အမှတ် ၁၁၀ နဲ့ဗွီဒီယိုမှာ ၉၆ မှတ်ပေးခဲ့တာပါ။

ဈေးကွက်ထဲမှာ ကင်မရာအကောင်းဆုံးအဖြစ် DxOMark ရဲ့ အမြင့်ဆုံး အဆင့်ရထားတဲ့ Huawei P20 Pro နဲ့iPhone XS Max ရဲ့ နောက်မှာ HTC U12+ က ၁၀၃ မှတ်နဲ့တတိယ  ၊ Samsung Galaxy Note 9 က ၁၀၃ မှတ် ၊ Huawei P20 က ၁၀၂ မှတ် ၊ Galaxy S9+နဲ့Xiaomi Mi 8 တို့က ၉၉ မှတ်စီ ရထားပါတယ်။ ၂၀၁၇ ရဲ့ ကင်မရာအကောင်းဆုံး ဖုန်း ဖြစ်တဲ့ Google Pixel 2 ကတော့ ၉၈ မှတ်နဲ့ရှိနေပါတယ်။

Photo: gizmochina

 

triple lens နဲ့လာတဲ့ Huawei P20 Pro ကတော့ optical zoom စနစ်မှာ အကောင်းဆုံး အဖြစ် iPhone XS Max ကို နောက်ချန်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Huawei ထုတ် flagship မော်ဒယ်တစ်ရပ်ဖြစ်တဲ့ Huawei Mate 10 Pro ဟာ အရင်နှစ်က DxOMark မှာ iPhone X နဲ့တန်းတူ ၉၇ မှတ် ရခဲ့ပြီး iPhone 8 Plus ထက် ၃ မှတ်သာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က