သြဂုတ်လဆန်းပိုင်းမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။

Oppo ရဲ့ ဆယ်လ်ဖီစီးရီးအနေနဲ့နာမည်ကြီးတဲ့ F series ထဲက Oppo F7 နဲ့F7 Youth တို့ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ နောက်ထပ် မြင်ရမယ့် Oppo F မော်ဒယ်သစ်မှာတော့ Pro ဗားရှင်းဆိုပြီး ပါလာတော့မှာပါ။

gsmarena_001 (1).jpg

photo: GSMArena

 

သြဂုတ်လဆန်းပိုင်းမှာ မိတ်ဆက်သွားဖို့ရှိတဲ့ Oppo F9 နဲ့F9 Pro တို့ရဲ့ ကြော်ငြာအရ ဒီဖုန်းတွေဟာ အရင် Oppo F series တွေနဲ့ ကင်မရာပိုင်းမှာ ခြားနားသွားဖို့ရှိပါတယ်။ selfie အဓိကဖုန်းအနေနဲ့ပဲ မိတ်ဆက်သွားမယ့် Oppo F9/F9 Pro တို့ဟာ ကျောဘက်မှာ အလျားလိုက် dual cameras စနစ်ကို ပထမဆုံး သုံးလာမှာ ဖြစ်ပြီး Oppo ရဲ့ mid-range ဖုန်း အစဉ်အလာကို ဆက်ထိန်းသွားမှာပါ။

လောလောဆယ် Bluetooth ထောက်ခံချက် ရထားပြီ ဖြစ်ပေမယ့် တခြား အသေးစိတ်အချက်အလက်တော့ များများစားစား မကြားရသေးပါဘူး။ နောက်ဆုံးထွက် Oppo F7 စီးရီးမှာ notch display ကို ပထမဆုံး သုံးသွားခဲ့ပြီး MediaTek Helio P60 SoC နဲ့ထွက်လာတာပါ။ Oppo F9 စီးရီးမှာတော့ processor သစ် သုံးသွားမလား မသိရသေးပေမယ့် Pro မော်ဒယ်ကတော့ နာမည်အတိုင်း ပိုပြီး upper ဖြစ်တဲ့ specs တွေနဲ့မိတ်ဆက်သွားမှာပါ။

ဘက်ထရီကောင်းဖုန်းတစ်လုံးအဖြစ် မိတ်ဆက်လာတဲ့ မြန်မာငွေ ၃ သိန်းကျော်တန် Oppo A5 

ရိုးရိုး Oppo F9 မှာ RAM 4GB/64GB storage နဲ့လာဖို့ရှိပြီး Pro ဗားရှင်းကတော့ RAM 6GB/128GB storage ထိ သုံးသွားမယ်လို့လည်း သတင်းတွေက ခန့်မှန်းထားပါတယ်။ ကိုယ်ထည်ဒီဇိုင်းအချိုအစားအနေနဲ့၂၀၁၈ ခေတ်ပေါ် 19:9 screen ဒီဇိုင်းကို သုံးသွားဖို့ရှိပြီး OS စနစ်ပိုင်းမှာ Oppo ရဲ့ မူပိုင် ColorOS 5.0 နဲ့ထုတ်ထားတဲ့ နောက်ဆုံးထွက် Android 8.1 Oreo ဗားရှင်း သုံးသွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ Oppo F7/F7 Youth တို့မှာတော့ မျက်နှာပြင် ၆.၂၃ လက်မ 1080p FullHD+ နဲ့မျက်နှာပြင် ၆ လက်မ ကိုယ်စီ ပါဝင်လာတာပါ။ ဒီဖုန်းတွေဟာAI Beauty 2.0 selfie feature ပါ 25MP ကင်မရာနဲ့မျက်နှာပြင်ပေါ်က အမှတ်အသားပေါင်း ၁၂၈ ခုသုံးပြီး ဖတ်ရှု မှတ်သားနိုင်တဲ့ Face Unlock များ ၊ AR stickers များနဲ့ထွက်လာခဲ့ပြီး လူငယ်ဈေးကွက်ကို ဦးတည်ထားခဲ့တာလည်း ဖြစ်ပါတယ်။

photo: phoneworld

 

မြန်မာငွေ ၄ သိန်းအောက်တန် Oppo F7/F7 Youth ရဲ့အဆက် Oppo F9 series ကို မိတ်ဆက်မယ့် ရက်နဲ့ဈေးနှုန်းကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က