Mobile: ကမ္ဘာ့ ပထမဆုံး QHD+ display နဲ့ ထွက်လာမည့် LG G6

touch cover glass မပါတော့ပါဘူး။

play

 

LG ဟာ နောက်ထွက်လာမယ့် LG G6 စမတ်ဖုန်းမှာ 18:9 aspect ratio ရှိတဲ့ QHD+ display နဲ့ လာမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ LG Display ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မျက်နှာပြင်ပိုကျယ်လာတဲ့အတွက်  သုံးဘက်မြင်ပုံရိပ်ဖော်လို့ ပိုကောင်းလာသလို လုပ်ငန်းစုံ multi-tasking နဲ့ မျက်နှာပြင်နှစ်မျိုးလုပ်ဆောင်နိုင်တဲ့ dual-screen functions တွေကို လည်း အကောင်းဆုံး လုပ်လို့ ရစေမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မျက်နှာပြင် ၅.၇ လက်မရှိတဲ့ LCD panel ပြားမှာ ရုပ်ထွက် resolution အနေနဲ့ တစ်လက်မမှာ pixel ပေါင်း ၅၆၄ ခုပါတဲ့ 1440 x 2880 resolution ရှိထားပြီး LG ရဲ့ in-TOUCH နည်းပညာကို သုံးထားပါတယ်။ LCD cell ထဲမှာ ပါတဲ့ touch sensor ကို သုံးခြင်းအားဖြင့် အထိအတွေ့ သိနိုင်တဲ့ cover glass မလိုတော့ဘဲ ပိုပြီး မြန်မြန်တုန့် ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။

 

touch cover glass မပါတဲ့ LG ရဲ့ display သစ်ဟာ 1mm ထူပြီး သူ့ အရင် စမတ်ဖုန်းတွေထက် ပိုမို သွယ်ပျောင်းလာပါတယ်။ ဒါ့အပြင် in-TOUCH display ဟာ touch အလွှာအောက်မှာ ထည့်ထားတာဖြစ်လို့ နေရောင်အောက်မှာလည်း ကောင်းကောင်း အလုပ်ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများအရ Xiaomi ရဲ့ Mi Max ကတော့ 17:9 ကိုယ်ထည်ချိုးနဲ့ ထွက်လာဖို့ ရှိပါတယ်။

Source: The Korea Herald

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ