ကင်မရာမပါတဲ့ ဖုန်းတွေပါ

AI လုပ်ဆောင်ချက်တစ်ချို့ပါဝင်ပြီး နိုင်ငံတကာ ဘာသာစကားပေါင်း ၁၇ မျိုးအထိ တိုက်ရိုက်ဘာသာပြန်နိုင်တဲ့ တန်ဖိုးနည်း feature phone တစ်မျိုးကို Xiaomi ကြေငြာလိုက်ပါတယ်။



DjqzDnDXcAIqsbd.jpg

Photo: Digital Trends

 

ချင်မင်းဆက် နာမည်အတိုင်း Qin နာမည်နဲ့Qin 1 နဲ့Qin 1s ဆိုပြီးထွက်လာတဲ့ ဒီဖုန်းဟာ Qin AI လို့ခေါ်တဲ့ AI နည်းပညာနဲ့ ထွက်လာတဲ့ ထူးထူးခြားခြား ဖုန်းများ ဖြစ်ပါတယ်။။ Qin 1 ဟာ 2G သီးသန့်ကီးပတ်ဖုန်းဒီဇိုင်းနဲ့ထွက်လာပြီး Qin 1s ကတော့ VOLTE support ပေးထားတဲ့ 4G LTE ဖုန်းပါ။

Qin AI ရဲ့ နည်းပညာ သုံးထားတာ ဖြစ်လို့သုံးစွဲသူများရဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်သလို real-time ဘာသာပြန်စနစ်လည်း ပံ့ပိုးပေးထားပါတယ်။ ထူးခြားချက်တစ်ခုက Qin ဖုန်းတွေမှာ ရှေ့ရော နောက်မှာပါ ကင်မရာတစ်လုံးမှ သုံးမထားပါဘူး။ AI လုပ်ဆောင်ချက်တွေ ပါပေမယ့် ကင်မရာမပါတဲ့ ဒီနေ့ခေတ်ပေါ် featurphone တစ်လုံးကို ပြောပါဆိုရင်တော့ Qin တွေက ဥပမာပေးစရာ ဖြစ်မှာပါ။

 

ဖုန်းနှစ်လုံးစလုံးဟာ 320 x 240px ရုပ်ထွက်ပါ မျက်နှာပြင် ၂.၈ လက် QVGA display လာပြီး screen မထိအောင် Corning Gorilla Glass မှန်အုပ်ထားပါတယ်။ Qin 1 ဟာ MediaTek MT6260A chipset သုံးထားပြီး RAM 8MB/storage 16MB ပဲရှိမှာပါ။ storage သိပ်နည်းပေမယ့် microSD card slot ပါပြီး ထပ်တိုးလို့ရမှာ ဖြစ်ပါတယ်။

Qin 1s ကတော့ 1.2GHz Spreadtrum SC9820 chipset သုံးထားပြီး RAM 256GB/512MB storage ပါလာပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ USB Type C charger ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး သုံးထားတဲ့ 1480mAh ဘက်ထရီဟာ ၁၅ ရက်အားခံတဲ့ ဘက်ရီ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ အောက်ခြေမှာ စပီကာပေါက်ပါလာမှာ ဖြစ်ပါတယ်။ ကင်မရာမပါသလို သီချင်းနားထောင်ဖို့နားကြပ်ပေါက်လည်း မပါတဲ့ အရိုးရှင်းဆုံးဖုန်းတစ်မျိုးပါ။

Photo: GSMArena

 

ဈေးကွက်မှာ အဖြူ နဲ့အနက် ကာလာ ၂ ရောင်တည်းနဲ့ဝယ်ယူနိုင်ပြီး ၁၉၉ ယွမ် ဆိုတာကတော့ မြန်မာငွေနဲ့မှ ၄ သောင်း ၄ ထောင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကိုတော့ စက်တင်ဘာလ ၁၅ ရက်နေ့ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က