slider ကင်မရာတွေနဲ့လာမှာပါ

အောက်တိုဘာ ၂၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ့် Xiaomi Mi Mix 3 ဟာ ကမ္ဘာ့ပထမဆုံး 5G ကွန်ရက်အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်မှာပါ။



121_1165x960.jpg

Photo: GSMArena

 

Xiaomi ရဲ့ တရားဝင် Weibo အကောင့်မှာ 5G နဲ့10G ဆိုပြီး ကြေငြာထားတာ တွေ့ရလို့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံး RAM 10GB ပါမယ့် ဖုန်းဖြစ်မယ်လို့ယူဆနေကြပါတယ်။ 5G ဆိုတာကတော့ လာမယ့် နှစ်အနည်းငယ်အတွင်း စမတ်ဖုန်းတွေမှာ သုံးနိုင်မယ့် မျိုးဆက်သစ်ဆက်သွယ်ရေး ကွန်ရက်နည်းပညာကို ရည်ညွှန်းတာ ဖြစ်ဖို့ရှိပါတယ်။

မကြာသေးခင်က Xiaomi ဟာ ဒီဖုန်းကို 5G NR (New Radio) စံနဲ့အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ လင်းဘင်က တရားဝင် ကြေငြာခဲ့ပါတယ်။ 5G နည်းပညာကြောင့် မိုဘိုင်းလ်ဒေတာမြန်နှုန်းဟာ 4G ထက် အဆပေါင်း ၁၀၀၀ အထိမြန်ဆန်နိုင်မှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ 5G ဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာပါ။

RAM ပမာဏမှာ 10GB အထိ သုံးမယ့် သတင်းကလည်း ထူးဆန်းနေပါတယ်။ ပုံမှန်အားဖြင့် Gaming smartphone မှာတောင် အမြင့်ဆုံး RAM 8GB ပဲ သုံးနိုင်တာ ဖြစ်လို့Xiaomi ဟာ Mi Mix 3 မှာ နောက်ထပ် ရည်ရွယ်ချက်တွေ ထားရှိပုံ ရပါတယ်။ နောက်ထပ် ကြားနေတာကတော့ ဒီဖုန်းဟာ ကင်မရာစနစ်တွေကို slider အဖြစ် ပြောင်းပြီး မှန်ပြင်ပြည့်ဖုန်းအဖြစ် Mi Mix 3 ကို ပုံဖော်သွားမယ်လို့ဆိုပါတယ်။

Mi Mix series တွေဟာ မျက်နှာပြင်အပြည့်နီးပါး all screen ဒီဇိုင်းကို ဦးတည်ထွက်ထားတာပါ။ Mi Mix 3 မှာတော့ အရင် Mi Mix မော်ဒယ်တွေနဲ့မတူတာက OPPO Find X စတိုင် slider ကင်မရာသုံးပြီး bezel ဖျောက်သွားမယ်လို့သတင်းထွက်ထားပါတယ်။ နောက်တစ်ခုက Xiaomi ဟာ Mi Mix 3 မှာ Xiaomi ရဲ့ AI ခလုတ်တစ်ခု ဖြစ်တဲ့ Xiao AI ပါလာဖို့ရှိပါတယ်။

Photo: Android Authority

 

ဒီဖုန်းဟာ သတင်းတွေအတိုင်း စိတ်လှုပ်ရှားစရာ အပြည့်ပါလာမလားဆိုတာကိုတော့ အောက်တိုဘာ ၂၅ ရက်နေ့ကို ဆက်စောင့်ရမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က