Mobile: အရောင်သစ်နှစ်မျိုးနဲ့ RAM 6GB ပါ LG G6 Plus ဈေးကွက်ထဲ ရောက်လာတော့မည်

တောင်ကိုရီယားမှာ စပြီးရောင်းချသွားမှာပါ။

တောင်ကိုရီးယားမှ LG ဟာ ယခုနှစ်ဆန်းပိုင်းမှာ LG G6 ကို ဖြန့် ချိခဲ့ပြီးနောက် storage ထပ်တိုးထားပြီး အဆင့်မြှင့်ထားတဲ့ LG G6 Plus ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။  ဒီဖုန်းဟာ LG G6 ထက် မျက်နှာပြင်ကြီးမလာပေမယ့် အပြောင်းအလဲ များနဲ့ ထွက်လာတဲ့ ဖုန်းဖြစ်မှာပါ။

play

 

သတင်းများအရ LG G6 Plus ဟာ G6 လိုပဲ မျက်နှာပြင် ၅.၇လက်မ QHD+ display ပါရှိပြီး ထောင့်စွန်းအနားသတ်တွေ လုံးထားတဲ့ ဒီဇိုင်းဖြစ်မှာပါ။ မတူတာက ဒီဖုန်းဟာ processor မှာ Qualcomm နောက်ဆုံးထွက် Snapdragon 835 chipset သုံးသွားမှာ ဖြစ်ပြီး RAM / storage မှာလည်း မြှင့်သွားမှာ ဖြစ်ပါတယ်။ LG G6 Plus မှာတော့ RAM 6GB/onboard storage 128GB ပါရှိမှာပါ။

 

တစ်ခြား specs များအနေနဲ့ တော့ LG G6 နဲ့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ဒီဖုန်းမှာ 13MP ကျောဘက် နှစ်လုံးတွဲကင်မရာနဲ့ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့  5MP ဆဲလ်ဖီကင်မရာ သုံးသွားမှာပါ။ ဘက်ထရီမှာလည်း LG G6 လိုပဲ 3300 mAh  ဘက်ထရီကို သုံးသွားမှာ ဖြစ်ပါတယ်။ LG G6 Plus မှာတော့ ကြိုးမဲ့အားသွင်းနိုင်တဲ့ Qi Wireless charging ပါရှိပါတယ်။ ဒါ့အပြင် Galaxy S8 စီးရီးလိုမျိုး မျက်နှာနဲ့ ဖုန်းကို လော့ခတ်နိုင်တဲ့ စနစ်ပါရှိမှာ ဖြစ်ပါတယ်။

play

 

ဒီတစ်ခါ ထွက်လာတယ့် LG G6 Plusမှာ ရွှေရောင် အဖျော့ ကာလာနဲ့ အပြာရင့်ကာလာသစ်နှစ်ခု ထပ်တိုးလာပါတယ်။ ဈေးနှုန်းမသိရသေးပေမယ့် LG G6 Plus ကို တောင်ကိုရီးယားမှာ ပထမဆုံး ရောင်းချသွားမှာ ဖြစ်ပြီး တစ်ခြားဈေးကွက်များကိုတော့ နောက်များမှ ဖြန့် ချိသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ