Mobile: Razer ရဲ့ ပထမဆုံး ဂိမ်းစမတ်ဖုန်းသစ်ကို နိုဝင်ဘာလ ၁ ရက်နေ့ မိတ်ဆက်သွားမည်

Razer ဟာ ဒီနှစ်ဆန်းပိုင်းကပဲ Nextbit စမတ်ဖုန်းကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် ကိုယ်ပိုင်စမတ်ဖုန်းတွေ ထုတ်သွားဖို့ ကြိုးပမ်းနေတာပါ။

ဂိမ်မာများအတွက် အထူးထုတ်ထားတဲ့ ဂိမ်းစမတ်ဖုန်းတစ်လုံးကို နာမည်ကြီး gaming laptop ကုမ္ပဏီ Razer မှ ထုတ်လုပ်သွားတော့မှာ  ဖြစ်ပါတယ်။

play

 

နိုဝင်ဘာလ ၁ ရက်နေ့ မှာ တရားဝင်ကြေငြာသွားမယ့် ဒီပွဲအတွက် ကြော်ငြာထဲမှာ ဖုန်းပုံစံတစ်ခုကို ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ပုံနဲ့ ဖြစ်ပြီး အကြီးဆုံးပွဲတစ်ခုလို့ ဆိုထားပါတယ်။ Razer ဟာ ဒီနှစ်ဆန်းပိုင်းကပဲ Nextbit စမတ်ဖုန်းကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် ကိုယ်ပိုင်စမတ်ဖုန်းတွေ ထုတ်သွားဖို့ ကြိုးပမ်းနေတာပါ။

 

Nextbit ဟာ ယခင်က ဒေါ်လာ ၄၅၀ ဝန်းကျင်တန် Robin cloud ဖုန်းတွေကို Google မှ ပညာရှင်ဟောင်းတွေနဲ့ HTC ဒီဇိုင်းဌာနက ကျွမ်းကျင်သူများနဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ Robin ဖုန်းတွေဟာ cloud ဖုန်းတွေဖြစ်တာကြောင့် storage ပိုင်းမှာ စိတ်ကြိုက်အသုံးခံသလို ဆော့ဖ်ဝဲလ်နဲ့ ဒီဇိုင်းပိုင်းမှာလည်း ထူးခြားတဲ့ ဟန်နဲ့ ရပ်တည်ခဲ့တာပါ။ Nextbit ကို Razer မှ အပြီးသတ် ဝယ်ယူပြီးနောက်မှာတော့ Robin ဖုန်းတွေရဲ့ ဈေးကွက် ပျောက်ဆုံးသွားခဲ့ပါတယ်။

 

Razer ကတော့ ဂိမ်းမောက်စ် ၊ ကီးဘုတ် ၊ နားကြပ် နဲ့ လက်ပ်တော့တွေ ထုတ်လုပ်ရောင်းချနေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း Razer Edge နာမည်နဲ့ တက်ဘလက်တစ်ခု ထုတ်လုပ်ခဲ့ဖူးပါတယ်။ Razer Edge တက်ဘလက်ဟာ PC ဂိမ်းပိုင်းအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး Nvidia graphics card သုံးထားတာ ဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၁ ရက်ထဲမှာ မိတ်ဆက်သွားမယ့် ဂိမ်းစမတ်ဖုန်းမှာလည်း Nvidia ရဲ့ ဂိမ်းပိုင်း ဂရပ်ဖစ်တွေ သုံးသွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ