Xiaomi Mi Pad 4 ကိုလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။

ဇွန်လအတွက် Xiaomi ကနေ မိတ်ဆက်သွားမယ့် mid-range မော်ဒယ်တစ်ခုကတော့ Redmi 6 Pro ဖြစ်ပါတယ်။ ဒီဖုန်းဟာ Xiaomi Mi 8 ပြီးရင်း mid-range ထဲမှာ ပထမဆုံး notch သုံးသွားမယ့် ဖုန်းလို့လည်း သတင်းထွက်ထားပါတယ်။

Leaks photos

 

Redmi 6 Pro ဟာ ကျောဘက် ဒီဇိုင်းပိုင်းမှာ Redmi Note 5 Pro နဲ့ဆင်ပြီး ရှေ့ဘက်မှာ iPhone X စတိုင် notch တစ်ခုနဲ့အောက်ခြေမှာ chin ခပ်ကြီးကြီး သုံးသွားဖို့ရှိပါတယ်။ မျက်နှာပြင် ၅.၈၄ လက်မ Full HD+curved display နဲ့လာမယ့် ဒီဖုန်းဟာ ရုပ်ထွက် resolution အနေနဲ့2280 x 1080px ပါရှိမယ်လို့ဆိုပါတယ်။ ကိုယ်ထည်ဒီဇိုင်းအချိုးအစားကို 19:9 aspect ratio သုံးထားပြီး ကျောဘက်မှာ ထောင်လိုက်ကင်မရာစနစ်နဲ့အတူ fingerprint scanner ပါလာမှာပါ။ ကျောဘက် dual cameras တွေအကြားမှာတော့ LED flash သုံးသွားဖို့ရှိနေပါတယ်။

Redmi 6 Pro ရဲ့ အဓိက key feature တွေကတော့ AI စနစ် ၊ Snapdragon 625 chipset နဲ့4000 mAh ဘက်ထရီများပဲ ဖြစ်ပါတယ်။ RAM / storage ပမာဏကို မသိရသေးပေမယ့် အနည်းဆုံး 2GB/16GB အတွဲကနေ အများဆုံး 4GB/64GB မော်ဒယ်အထိ ၃ မျိုး ၃ စားထုတ်သွားဖို့ရှိပါတယ်။ Redmi 6 Pro ဟာ Redmi Note 5 Pro ရဲ့ dual cameras အတိုင်း ထွက်လာဖို့ရှိပြီး ဆော့ဖ်ဝဲလ်ဗားရှင်းကိုတော့ MIUI 9.6 အုပ်ထားတဲ့ Android 8.1 Oreo နဲ့ထွက်လာမယ်လို့ယူဆထားပါတယ်။ Xiaomi ဟာ Redmi 6 Pro နဲ့အတူ Xiaomi Mi Pad 4 ကိုလည်း မိတ်ဆက်သွားဖို့ရှိပါတယ်။

Share

Loading Next Article...
က္က