AD
AD
AD

ကျောဘက် ထောင်လိုက်ကင်မရာ ၂ လုံးတွဲစနစ်သုံးသွားမယ့် Xiaomi ဖုန်းသစ်တစ်လုံးကတော့ Redmi Note 5 Pro ဖြစ်မှာပါ။

Xiaomi ဟာ Redmi Note 5 နဲ့ Note 5 Pro တို့ ကို မိတ်ဆက်ရာမှာ အသိသာဆုံး ပြောင်းလဲပစ်တာက display ပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ် ပေါက်ကြားနေတဲ့ ပုံတွေအရ Xiaomi Redmi Note 5 စီးရီးသစ်ဟာ ထွက်ဖူးသမျှ Redmi Note စီးရီးများထဲမှာ ဘေးဘောင်အပါးဆုံး စမတ်ဖုန်းဖြစ်လာမှာပါ။ diaplsy ဒီဇိုင်းအနေနဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro တို့ ဟာ အတူတူပဲ ဖြစ်ပေမယ့် Pro မော်ဒယ်မှာ သုံးမယ့် processor ကတော့ Snapdragon 636 chipset ဖြစ်ပြီး ရိုးရိုးမော်ဒယ်မှာတော့ Snapdragon 626 chipset ကို သုံးသွားမှာ ဖြစ်ပါတယ်။

play

 

မျက်နှာပြင်အရွယ်အစားမှာတော့ Redmi Note 5 ဟာ မျက်နှာပြင် ၅.၇ လက်မ Full HD+ display နဲ့ လာမှာ ဖြစ်ပြီး Redmi Note 5 Pro ကတော့ မျက်နှာပြင် ၅.၉၉ လက်မ ပါရှိမယ်လို့ ဆိုပါတယ်။ ဖုန်းမော်ဒယ်နှစ်မျိုးစလုံးဟာ ကိုယ်ထည်အချိုးအစားအဖြစ် 18:9 aspect ratio သုံးသွားမှာ ဖြစ်ပြီး သတင်းတစ်ခုမှာတော့ Redmi Note 5 ရိုးရိုးဗားရှင်းမှာ ကျောဘက် ကင်မရာ ၁ လုံးတည်း သုံးသွားမယ်လို့ လည်း ဖော်ပြထားပါတယ်။ Redmi Note 5 Pro မော်ဒယ်ကတော့ ကျောဘက်မှာ ထောင်လိုက် ကင်မရာနှစ်လုံးတွဲ စနစ်သုံးသွားမှာ ဖြစ်သလို ရှေ့ ဘက်မှာလည်း ဆယ်လ်ဖီအတွက် 8MP ကင်မရာသုံးသွားဖို့ ရှိနေပါတယ်။

Redmi Note 5 စီးရီးသစ်ဟာ MIUI 9.5 သုံးထားတဲ့ Android Nougat ဆော့ဖ်ဝဲလ်ဗားရှင်း ပါရှိမယ်လို့  ယူဆထားပါတယ်။ ဘက်ထရီကိုလည်း အကြီးစား 4100 mAh ဘက်ထရီသုံးသွားမယ်လို့  သတင်းထွက်နေပါတယ်။ SIM card စနစ်ကတော့ Hybrid SIM စနစ်လို့ ဆိုတဲ့ SIM card နဲ့ MicroSD တစ်ကတ် (သို့ မဟုတ်) dual SIM စနစ် သုံးသွားဖို့ ရှိနေပါတယ်။ ဒီမော်ဒယ်နှစ်မျိုးစလုံးရဲ့ အချက်အလက်အပြည့်အစုံနဲ့ ဈေးနှုန်း ၊ ရောင်းချမယ့် ရက်တွေကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရောက်မှ အတိအကျ သိရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD