သြဂုတ်လ ၉ ရက်နေ့မိတ်ဆက်မှာပါ

Samsung ရဲ့ နောက်ထပ် flagship ဖြစ်တဲ့ Galaxy Note 9 မိတ်ဆက်မယ့် ရက်လည်း နီးသထက် နီးလာပါပြီ။

[No available link text] 

ဒီအချိန်မှာ ထွက်ပေါ်လာတဲ့ Galaxy Note 9 ရဲ့ သတင်းတွေက ပိုပြီး နီးစပ်သလို ယုံကြည်ထိုက်တဲ့ သတင်းအရင်းအမြစ်ကနေ ပုံနဲ့တကွ ပေါက်ကြားလာတာ ဖြစ်လို့စိတ်လှုပ်ရှားစရာတွေကတော့ စတင်နေပြီလို့ဆိုရမှာပါ။ နာမည်ကြီး စမတ်ဖုန်းသတင်းသမား အီဗန်ဘလတ်စ်ဟာ သူ့ရဲ့ Twitter မှာ Galaxy Note 9 ရဲ့ ဒီဇိုင်းနဲ့အတူ S Pen သစ်ကိုပါ ဖော်ပြလိုက်ပါတယ်။

Sam mobile မှာ သတင်းပေါက်ကြားကတည်းက Galaxy Note 9 ဟာ ဘောင်အခုံး curved infinity display ကို သုံးထားပြီး အထက်အောက် ဘေးဘောင်တွေ အတော်လေး ပါးထားမယ်ဆိုတာ ကြိုပြီး မှန်းလို့ရခဲ့ပါတယ်။ အီဗန်ဘလတ်စ်ရဲ့ Tweet မှာတော့ ပိုပြီး ပြည့်စုံသွားပါတယ်။ ရှေ့ခြမ်းဒီဇိုင်းမှာ Note 8 နဲ့သိပ်မခြားနားပေမယ့် ကျောဘက်မှာတော့ နည်းနည်းလေး ဒီဇိုင်း ပြောင်းထားပါတယ်။

အရင်နှစ် Note 8 ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာနှစ်လုံးတွဲ စနစ်ကို ပထမဆုံး သုံးသွားတဲ့ ဖုန်းပါ။ အခု Galaxy Note 9 မှာလည်း ကျောဘက် dual cameras သုံးတာချင်း တူပေမယ့် fingerprint ကို Galaxy S9 Plus အတိုင်း ကင်မရာအောက်ကို ရွှေ့ထားပါတယ်။ အလျားလိုက် dual cameras ဒီဇိုင်းကတော့ Galaxy Note 8 အတိုင်းပါပဲ။ ပြောရရင် သိပ်တော့ အထူးခြားကြီး မဟုတ်သေးပါဘူး။

ကိုယ်ထည်ဘေးဘက်တွေမှာ ပုံမှန်အတိုင်း ပါဝါခလုတ် ၊ အသံအတိုး အလျှော့နဲ့Bixby ခလုတ်တို့ပါဝင်မှာပါ။ မျက်နှာပြင်အရွယ်အစား ၆.၃ လက်မ QHD+ display ကို သုံးသွားဖို့ရှိပြီး RAM 6GB အနည်းဆုံး ပါဝင်ဖို့ရှိပါတယ်။ ဒီဖုန်းမှာ onboard storage ကို 512GB အထိ ထည့်သွင်းသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။ ဒီအချက်ကတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Samsung Galaxy Note 9 ဟာ Qualcomm Snapdragon 845 chipset နဲ့ Samsung Exynos 9810 processor သုံး မော်ဒယ် ၂ မျိုး ပါရှိပြီး ကာလာအနေနဲ့ပိုပြီး အသစ်အသစ်တွေ ထည့်သွင်းသွားဖို့ရှိနေပါတယ်။ Note တွေရဲ့ အမှတ်အသားတစ်ခု ဖြစ်တဲ့ S Pen ကတော့ လုပ်ဆောင်ချက် အသစ်တွေအပြင် ရွှေရောင် ကာလာနဲ့ပါ ထွက်လာမှာပါ။

photo: wccftech

 

Samsung ဟာ လာမယ့် သြဂုတ်လ ၉ ရက်နေ့နယူးယော့ခ်မှာ Galaxy Note 9 အတွက် Unpacked ရှိုးတစ်ခု နဲ့မိတ်ဆက်သွားမှာ ဖြစ်လို့ဒီပွဲမှာ သတင်းအသစ်တွေ ထပ်သိရတော့မှာပါ။

Share

Loading Next Article...
က္က