Mobile: Samsung Galaxy A5 (2017) စမတ်ဖုန်းအကြောင်း အသေးစိတ် specs များထွက်ပေါ်လာ

အပြာရောင်နဲ့ ပန်းရောင်များလည်း ထွက်ရှိလာပါတယ်။

play

 

Samsung ဟာ ၂၀၁၇ ထုတ် Galaxy A စီးရီး စမတ်ဖုန်းများကို မကြာခင်မှာ ရောင်းချသွားတော့မှာပါ။ ထွက်ရှိလာတော့မယ့် စမတ်ဖုန်းနဲ့ ပတ်သတ်လို့  မကြာသေးမီက ကြားရတဲ့ ကောလာဟလများအရ လာမယ့် စမတ်ဖုန်းများဟာ ရေစိုဒဏ်ခံနိုင်သည့် IP68 rating အဆင့်ရှိတဲ့ ဖုန်းများလည်း ပါရှိမယ်လို့ သိရပါတယ်။

အခုတော့ Galaxy A5 စမတ်ဖုန်းအကြောင်း သတင်းထုတ်ပြန်လိုက်တာဖြစ်လို့ သူ့ရဲ့ အသေးစိတ် specs များလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ သတင်းအရ ဒီစမတ်ဖုန်းမှာ အရောင်လေးမျိုးနဲ့ ထွက်လာမယ့် ပုံရှိပါတယ်။အနက်ရောင်နဲ့ ရွှေရောင်အပြင် အပြာနဲ့ပန်းရောင်များလည်း ဝယ်ယူရရှိနိုင်တော့မှာပါ။

 

Galaxy A5 မှာ ၅.၂ လက်မ HD display ပါရှိပြီး Ram 3GB နဲ့ လာတဲ့ Exynos 7880 processor နဲ့  run မှာ ဖြစ်ပါတယ်။ ကျောဘက်နှင့် ရှေ့ ဘက်ကင်မရာနှစ်ခုလုံးမှာ 16MP ကင်မရာတစ်ခုပါရှိပါတယ်။ ဒီဖုန်းဟာ 32GB storage နဲ့ လာဖို့ ရှိပြီး ဘက်ထရီအနေနဲ့ 3000 mAh battery ကို သုံးထားပါတယ်။ လက်လီဈေးကတော့ ၂၆၉၉ ယွမ် (၃၉၀ ဒေါ်လာဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Samsung ကတော့ ဒီစမတ်ဖုန်းကို တရားဝင်ကြေငြာရောင်းသွားမယ့် အချိန်ကို မပြောသေးပေမယ့် သိပ်မကြာခင်မှာ ကြေငြာသွားမယ်လို့ ခန့် မှန်းရပါတယ်။

ှSource: Slashleaks

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ