AD
AD
AD

ဇန်နဝါရီ CES2018 ပွဲမှာ မိတ်ဆက်သွားမလားလို့ စောင့်စားနေတဲ့ Samsung Galaxy S9 စီးရီးကတော့ လာမယ့်ဖေဖော်ဝါရီ MWC ပွဲရောက်မှသာ မြင်ရတော့မှာပါ။

play

 

Samsung Mobile ဌာနဥက္ကဌ ဒီဂျေကို့ ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ အတည်ပြုလိုက်တာ ဖြစ်ပြီး အရင်နှစ်က ဖြန့် ချိသွားတဲ့ Galaxy S8 စီးရီးလိုပဲ စပိန်နိုင်ငံ ဘာစီလိုနာမြို့ မှာ ကျင်းပနေကျ Mobile World Congress ပွဲရောက်မှ တရားဝင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Galaxy S9 စီးရီးသစ်နဲ့ ပတ်သတ်ပြီး အသစ်အဆန်းရယ်လို့ သိပ်မြင်ရဖို့ မရှိဘဲ fingerprint နေရာအထားအသို ပြောင်းတာနဲ့ အတွင်း specs တစ်ချို့ အဆင့်မြှင့်တာလောက်ပဲ မြင်ရဖို့ ရှိတယ်လို့ လည်း သတင်းတွေ ထွက်နေပါတယ်။ fingerprint ဆိုရာမှာလည်း အရင် ကျောဘက်ကင်မရာဘေးမှာ ထားရှိရာကနေ ကင်မရာအောက်ကို ပြောင်းထားသွားမှာပါ။

Galaxy S9 စီးရီးသစ်မှာ အရင် S8 ရဲ့ Infinity Display နည်းပညာသစ်ကိုပဲ နည်းနည်းလေး ပြင်ပြီး ထပ်သုံးသွားမှာပါ။ ဘေးဘောင်အထက်အောက် နည်းနည်းပါးသွားပြီး အရင်လို မှန်အခုံးဒီဇိုင်းနဲ့ ပဲ လာဖို့ ရှိနေပါတယ်။ Galaxy S9 စီးရီးနဲ့ ပတ်သတ်ပြီး ကြားရတဲ့ သတင်းဆိုးတစ်ခုက ကျောဘက် dual camera စနစ်ကို Galaxy S9+ မှာ ပဲ သုံးမှာ ဖြစ်ပြီး S9 ရိုးရိုးကတော့ ကျောဘက် ကင်မရာတစ်လုံးတည်းပဲ သုံးသွားမယ်ဆိုတာပါပဲ။ ဟုတ်မဟုတ် ပြောလို့ တော့ မရသေးပါဘူး။ ကျန်တာကတော့ high-end ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 845 chipset ၊ RAM 4GB/ storage 64GB ပါရှိမှာ ဖြစ်ပါတယ်။

play

 

Samsung ဟာ Galaxy S9 စီးရီးသစ်မှာ iris scanner စနစ်နဲ့ နှလုံးခုန်တိုင်း စနစ်များကို အဆင့်မြှင့်တင်သွားမယ်လို့ ပြောထားတာ ရှိပါတယ်။ တကယ်တမ်း မိတ်ဆက်ချိန်မှာတော့ ဘယ်လို feature သစ်တွေ ပါလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD