အလုံးရေ အကန့်အသတ်နဲ့ရောင်းချသွားဖို့ရှိပါတယ်

နှစ်ပေါင်းများစွာ သတင်းတွေထဲမှာ ပျော်ဝင်နေတဲ့ Samsung ရဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းကို နောက်လထဲမှာ မြင်ရဖို့ရှိပါတယ်။



Photo: Engadget

 

၂၀၁၃ ကတည်းက နမူနာ prototype အဖြစ် ပြသခဲ့တဲ့ Samsung ရဲ့ ပိုက်ဆံအိတ်တစ်လုံးလို ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းနဲ့ပတ်သက်ပြီး Samsung ရဲ့ မိုဘိုင်းလ်စီးပွားရေးပိုင်း ကိုင်တွယ်နေတဲ့ CEO ဒီဂျေကို့ချ်က အသေးစိတ် ထပ်ပြီး ကြေငြာလိုက်တာပါ။ သူ့အဆိုအရ ဒီဖုန်းဟာ တက်ဘလက်တစ်လုံးလို ဘက်စုံသုံးနိုင်ပြီး ခေါက်ထားချိန်မှာ ရိုးရိုး စမတ်ဖုန်းတစ်လုံးလို မျက်နှာပြင်တစ်ခုနဲ့ထွက်လာမှာ ဖြစ်ပါတယ်။

အစောပိုင်းက ကို့ချ်ဟာ ဒီခေါက်သုံးနိုင် စမတ်ဖုန်းကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် Samsung ရဲ့ Developer Conference ပွဲမှာ ပြသသွားမယ်လို့ပြောခဲ့ပါတယ်။ ဒီဖုန်းကို တရားဝင် မကြေငြာခင်မှာ ဖုန်းဟာ စံချိန်စံညွှန်းနဲ့အညီ ထွက်လာလိမ့်မယ်လို့လည်း သူက အတည်ပြုထားပါတယ်။

"ခေါက်သိမ်းနိုင်မယ့် ဖုန်းတစ်လုံးကို ဖြန့်ပြီဆိုတာနဲ့ဒီဖုန်းဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တို့အတွက် တကယ့်ကို အဓိပ္ပါယ်ရှိနေမှာပါ" လို့ကို့ချ်က ဆိုပါတယ်။ "တကယ်လို့သုံးစွဲသူတွေအတွက် ကျွန်တော့် စံနဲ့မညီသေးဘူးဆိုရင် ဒီလိုမျိုး ထုတ်ကုန်တွေကို ချပြမှာ မဟုတ်ပါဘူး"

နောက်တစ်ချက် သူအာမခံထားတာကတော့ Samsung ရဲ့ ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းဆိုတာ လူစိတ်ဝင်စားပြီးရော ထုတ်တဲ့ ပေါတောတော ထုတ်ကုန်မဟုတ်ဘူးလို့လည်း ပါရှိပါတယ်။ လောလောဆယ် ဈေးကွက်မှာ ခေါက်သိမ်းနိုင်စမတ်ဖုန်းကို တောင်းဆိုမှုက သိပ်ရှိမှာ မဟုတ်ပေမယ့် မကြာခင်မှာ ဒါဟာ ဈေးကွက်မှာ လူကြိုက်များလာမယ့် ထုတ်ကုန်လို့သူက ယုံကြည်နေပါတယ်။

SamMobile သတင်းမှာတော့ ဒီဖုန်းဟာ ပင်မမျက်နှာပြင်အဖြစ် ၇.၃ လက်မ OLED display နဲ့အရန် ၄.၆ လက်မ display တို့ပါဝင်မယ်လို့ဖော်ပြထားပါတယ်။ Samsung ဟာ နောက်နှစ်မှာ Galaxy series စမတ်ဖုန်းများ ထုတ်လုပ်မှု ၁၀ နှစ်ပြည့်ပြီ ဖြစ်လို့၂၀၁၉ ရောက်မှ ကုမ္ပဏီရဲ့ အထူးခြားဆုံး ဖြစ်တဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းအဆန်းကို တရားဝင် ဈေးကွက်တင် ရောင်းချသွားဖို့ရှိပါတယ်။

Photo: express.co.uk

 

လောလောဆယ်မှာ Samsung နဲ့ပြိုင်ဘက် Huawei ကလည်း ၂၀၁၉ မှာ ခေါက်သိမ်းနိုင် စမတ်ဖုန်းတွေကို အရေအတွက် အကန့်အသတ်နဲ့ထုတ်သွားမယ်လို့ကြေငြာထားပြီး Lenovo ကလည်း ကိုယ်ပိုင် ခေါက်သိမ်းနိုင် ထုတ်ကုန်နမူနာများ မိတ်ဆက်ပြသထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က