နှစ်တိုင်း မိတ်ဆက်သွားမှာပါ

နောက်နှစ် ပထမ ၆ လအတွင်း Samsung ထုတ် foldable ဖုန်းတွေကို ဈေးကွက်မှာ မြင်ရတော့မှာ ဖြစ်ပါတယ်။



samsung-foldable-phone-bloomberg-7591 (1).jpg

Photo: indianexpress

 

ှ Samsung ရဲ့ စမတ်ဖုန်းရေးရာ အကြီးအကဲ ဒီဂျေကို့ချ်ရဲ့ စကားကို ကိုးကားပြီး Yonhap သတင်းဌာနမှာ Samsung ဟာ နောက်နှစ်ထဲမှာ foldable ဖုန်းအလုံးရေ အနည်းဆုံး ၁ သန်း ထုတ်သွားမယ်လို့ဖော်ပြထားတာပါ။

Samsung အနေနဲ့screen ကို ခေါက်သိမ်းနိုင်တဲ့ ဖုန်းကို ဆန်ဖရန်စစ္စကိုမှာ ကျင်းပသွားတဲ့ Developer Conference မှာ မိတ်ဆက်ပြသ ခဲ့ပေမယ့် ဖုန်းဈေးနှုန်း မပြောနဲ့ဖုန်းရဲ့ နာမည်တောင် မကြေငြာခဲ့ပါဘူး။ ဒီတော့ ဘယ်အချိန်မှာ ထွက်မလဲဆိုတာ ဝေးလှတဲ့ မေးခွန်းလို ဖြစ်နေခဲ့ပါတယ်။ Samsung ဟာ ၂၀၁၃ ကတည်းက foldable phone နမူနာ မိတ်ဆက်ခဲ့လို့ဈေးကွက်က မျှော်နေတာတော့ ကြာပါပြီ။

အခုတော့ ဒီဂျေကို့ချ်ကိုယ်တိုင်က ဘာပဲဖြစ်ဖြစ် နောက်နှစ်လယ် မရောက်ခင် ဖြန့်ချိမယ်လို့ပြောသွားလို့စိတ်လှုပ်ရှားတွေကတော့ စနေပြီလို့ဆိုရမှာပါ။ နောက်နှစ်ဝက် မတိုင်ခင် ဖြန့်ချိမှာ ဖြစ်လို့Samsung အနေနဲ့Galaxy S10 ဖုန်းသစ်တွေနဲ့အတူ မိတ်ဆက်သွားဖို့ရှိနေပါတယ်။

စစချင်းမှာတောင် Samsung ဟာ အနည်းဆုံး အလုံးရေ ၁ သန်းက စထုတ်သွားမှာပါ။ နောက်နှစ်တွေမှာလည်း foldable phone ကို Samsung Galaxy series တွေလို ဆက်တိုက်ထုတ်သွားမယ်လို့ဆိုပါတယ်။

Infinity Flex display သစ်နဲ့လာတဲ့ ဒီခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ Samsung ရဲ့ UI သစ်ဖြစ်တဲ့ One UI ကို သုံးလာမှာ ဖြစ်ပါတယ်။ ဒီ ဆော့ဖ်ဝဲလ် interface ပိုင်း အတွက် Samsung ဟာ အရင် ၂ လလောက်ကတည်းက Google ရဲ့ CEO ဆွန်ဒါပီချိုင်းနဲ့တွေ့ဆုံပြီး team တစ်ခု ပူးပေါင်းဖွဲ့စည်းခဲ့ပါတယ်။ One UI ဟာ နောက်ထွက် Galaxy ဖုန်းတွေမှာပါ သုံးသွားမှာ ဖြစ်ပါတယ်။

Photo: The Straits Times

 

လောလောဆယ် ဈေးကွက်ထဲကို အရင်ဆုံး ရောက်ထားတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းကတော့ Royole Corp ထုတ် FlexPai ဖုန်းဖြစ်ပြီး မော်ဒယ်ပေါ် လိုက်ပြီး အနိမ့်ဆုံး ၁၂၉၀ ဒေါ်လာ ကနေ အမြင့်ဆုံး ၁၈၆၅ ဒေါ်လာအထိ ဈေးတွေနဲ့တရုတ်ဈေးကွက်မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က