ကုမ္ပဏီရဲ့ ပထမဆုံး စမတ်စပီကာကို မိတ်ဆက်ခဲ့ပါတယ်

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာမှာ ရပ်တည်နေတဲ့ Samsung ဟာ သြဂုတ်လ ၉ ရက်နေ့က နယူးယော့ခ်မြို့ဘရွတ်ကလင်းမှာ နည်းပညာ နဲ့ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ Samsung Unpacked ပွဲကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီပွဲမှာ ဆွဲဆောင်နိုင်ခဲ့တဲ့ အချက် ၇ ချက် ရှိခဲ့ပါတယ်။

 

(၁) Samsung Galaxy Note 9

Tech Adviser.PNG

Photo: Tech Advisor

 

တကယ်လို့Samsung Galaxy Note 9 မထွက်ခင် ၃-၄ လလောက်ကတည်းက ဒီဖုန်းရဲ့ ကောလာဟာလတွေကို ကြားသိထားတဲ့ သူတွေအတွက်တော့ Galaxy Note 9 ဟာ အံ့သြစရာတော့ မဟုတ်ခဲ့ပါဘူး။ အထူးသဖြင့် ဒီဇိုင်းပိုင်းမှာ fingerprint နေရာရွှေ့မယ်ဆိုတာ အားလုံးက သိထားပြီးသားပါ။

စိတ်ဝင်စားစရာက Galaxy Note 9 ဟာ ထွက်ဖူးသမျှ Samsung Galaxy Note စီးရီးတွေထဲမှာ ဘက်ထရီပါဝါအကြီးဆုံး ဖြစ်တဲ့ 4000 mAh နဲ့လာတာ ဖြစ်ပါတယ်။ Galaxy Note 7 ဘက်ထရီပြဿနာအလွန်မှာ ပိုကြီးတဲ့ ဘက်ထရီ ၊ ပိုကျယ်တဲ့ ၆.၄ လက်မ မျက်နှာပြင်နဲ့ထွက်လာတာပါ။

 

(၂) ဆန်းသစ်မှုတွေအပြည့်နဲ့S Pen

samsung-unpacked-2018-galaxy-note-9-159.jpg

Photo: CNET

 

Galaxy Note 9 နဲ့အတူ Samsung ဟာ ပါဝါသုံးစွဲမှု နည်းတဲ့ Bluetooth ချိတ်ဆက်မှုပါ S Pen ကို မိတ်ဆက်သွားခဲ့ပါတယ်။ S Pen သစ်ဟာ ဖုန်းကိုယ်ထည်ထဲ စက္ကန့်၄၀ ထည့်ထားလိုက်တာနဲ့အပြင်မှာ နာရီဝက်အသုံးပြုလို့ရတဲ့ ထုတ်ကုန်ဖြစ်လာပါတယ်။

Bluetooth စနစ် ပါပြီးနောက် S Pen ဟာ အဝေးထိန်းလုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဖုန်းကင်မရာ ဖွင့်တာ ၊ Powerpoint slide ပြတာ ၊ သီချင်း နဲ့ဓါတ်ပုံတွေ ဖွင့်တာ၊ တစ်ခြား app တွေ ဖွင့်တာကို ၁၀ မီတာ ( ၃၂ ပေကျော်) အကွာအဝေးကနေ လုပ်ဆောင်နိုင်ပါတယ်။

 

(၃) နာမည်သစ်နဲ့Galaxy Watch

samsung-galaxy-watch-1.jpg

Photo: BGR

 

ဒီနှစ် Samsung စမတ်နာရီသစ်တွေကတော့ အရင်လို Gear series နဲ့မဟုတ်ဘဲ Galaxy Watch နာမည်နဲ့ထွက်လာတာပါ။ နောက်ဆုံးပေါ် Galaxy Watch တွေဟာ အရင် Gear စီးရီးရဲ့ ကိုယ်ထည်နဲ့display ကြီးလွန်းတဲ့ ပြဿနာကိုလည်း ရှင်းထားပါတယ်။ ၄၂ မီလီမီတာ နဲ့၄၆ မီလီမီတာ အရွယ်အစားနှစ်မျိုးနဲ့လာပီး LTE မော်ဒယ်နဲ့Bluetooth မော်ဒယ်နှစ်မျိုးနဲ့ထွက်ထားတာပါ။

 

(၄) လူဆန်လာတဲ့ Bixby

samsung-unpacked-2018-galaxy-note-9-237.jpg

Photo: CNET

 

Samsung ဟာ အသံအကူနည်းပညာတစ်ခု ဖြစ်တဲ့ Bixby ရဲ့ update ဗားရှင်းကိုလည်း Samsung Unpacked ပွဲမှာ သရုပ်ပြ မိတ်ဆက်ခဲ့ပါတယ်။ ဒီဗားရှင်းသစ်မှာ Bixby ဟာ အပြန်အလှန်စကားပြောဆိုရာမှာ ပိုပြီး အသက်ဝင်မှု ရှိလာသလို နောက်ဆက်တွဲမေးခွန်းတွေ ဖြေရာမှာလည်း ပိုမို တိကျမှု ရှိလာပါတယ်။

Bixby ဗားရှင်းသစ်မှာ Uber ၊ Ticketmaster နဲ့Yelp တို့လို အသုံးများတဲ့ app တွေနဲ့ချိတ်ဆက်ထားလို့ခရီးသွားဘွတ်ကင်ချိတ်တာ ၊ ကားငှားတာ နဲ့လက်မှတ်ဝယ်တာမျိုးအတွက် ကိုယ့်ဖုန်းမှာ ဒီ Apps တွေ ထည့်ထားစရာမလိုဘဲ အသံနဲ့တင်လုပ်ဆောင်နိုင်တော့မှာပါ။ နောက်တစ်ခုက Bixby ဟာ အရင်က ကိုယ့်ရဲ့ မေးခွန်းတွေနဲ့ကိုယ်လုပ်ဆောင်ခဲ့တာတွေကို မှတ်သားထားပြီး နောက်ပိုင်းမှာ အလားတူကိစ္စတွေမှာ ပိုပြီး ပြည့်ပြည့်စုံစုံ အကြံပြုတာမျိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။

 

(၅) ပထမဆုံး စမတ်စပီကာ

samsung-unpacked-2018-galaxy-note-9-281.jpg

Photo: Alphr

 

နောက်ဆုံးတော့ Bixby နည်းပညာသစ်နဲ့အတူ Samsung ဟာ ကိုယ်ပိုင် စမတ်စပီကာဖြစ်တဲ့ Galaxy Home ကို မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Home Pod နဲ့လုပ်ဆောင်ချက် ချင်း တူနေပြီး မိုက်ကရိုဖုန်း ၈ ခုနဲ့အဝေးကနေ လှမ်းပြီး စေခိုင်းနိုင်အောင် ထုတ်ထားတာပါ။

လောလောဆယ်မှာတော့ ဒီထုတ်ကုန်ရဲ့ ဈေးနှုန်းနဲ့ထွက်မယ့်ရက် မသိရသေးပါဘူး။

 

(၆) Spotify နဲ့ပူးပေါင်းခြင်း

DkK45gzXgAA7Kxf.1533830875.jpg

Photo: The Verge

 

Samsung ဟာ စမတ်စပီကာသစ်နဲ့အတူ Spotify တေးဂီတပလက်ဖောင်းနဲ့မိတ်ဘက်ပြု ပူးပေါင်းလိုက်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ Samsung ထုတ်ကုန်တွေမှာ Spotify က သီချင်းတွေကို တစ်ခါတည်း နားထောင်လို့ရတော့မှာပါ။ ဒါဟာ Apple နဲ့Google HomePod တို့မှာ သီးသန့်ပူးပေါင်းခဲ့တဲ့ Apple Music တို့လိုမျိုးပါပဲ။

 

(၇) Fortnite ကို Samsung တွေမှာပဲ ပထမဆုံး မိတ်ဆက်

DSCF1436.jpg

Photo: CNET

 

iOS တွေမှာပဲ ကစားနိုင်တဲ့ Fortnite ကို အန်းဒရိုက်ဗားရှင်းအနေနဲ့Samsung ဖုန်းတွေမှာ စပြီး ဆော့နိုင်တော့မှာပါ။ Samsung Galaxy S7 နဲ့အထက် ဖုန်းတွေမှာ ကစားနိုင်ပြီး တစ်ခြားအန်းဒရိုက်ဖုန်းတွေအတွက် ဖြန့်ချိမယ့် ရက် မသိရသေးပါဘူး။

Share

Loading Next Article...
က္က