သြဂုတ်လ ၁၈ ရက်နေ့မိတ်ဆက်သွားမှာပါ

ဇူလိုင်လကုန်ပိုင်းက Find X လိုမျိုး high-end ဖုန်းသစ် မိတ်ဆက်ထားတဲ့ OPPO ဟာ မကြာခင်မှာ နောက်ထပ် ပရီမီယံ specs တွေပါဝင်မယ့် OPPO F series စမတ်ဖုန်းသစ်များကို ကြေငြာသွားတော့မှာပါ။

OPPO-R17-In-Display-Fingerprint-Sensor.jpg

Photo: XDA Developers

 

ဆယ်ဖီကင်မရာတစ်နေရာစာ ချန်ထားတဲ့ အသေးဆုံး notch ဒီဇိုင်းသစ်ကို သုံးထားတဲ့ OPPO R17 ဟာ OPPO ရဲ့ တန်ဖိုးကြီးဖုန်းတစ်လုံး အနေနဲ့ဈေးကွက်ထဲ ရောက်လာဖို့ရှိပါတယ။် လောလောဆယ် OPPO ရဲ့ ဝက်ဘ်ဆိုက်ပေါ် ရောက်လာတဲ့ OPPO R17 ကတော့ in-display fingerprint scanner စနစ် ၊ RAM 8GB / 128GB storage တို့အပြင် Qualcomm ရဲ့ mid-range processor သစ်ပါ သုံးသွားမှာပါ။

ဒီဇိုင်းပိုင်းမှာ အထူးခြားဆုံး အပြောင်းအလဲတစ်ခုက OPPO ရဲ့ waterdrop notch ဒီဇိုင်းသစ်ပါရှိလာတာ ဖြစ်ပြီး မှန်ပြင်ကိုယ်ထည် အချိုးအစားဟာ ၉၁.၅% ရှိလာပါတယ်။ မျက်နှာပြင် ၆.၄ လက်မ Full HD+ (2280 x 1080 pixels) AMOLED screen ရဲ့ အောက်မှာတော့ in-display fingerprint စနစ် သုံးထားပြီး လက်ချောင်းတွေကို ဖတ်ဖို့အတွက် 3P Micro Lens တွေ ပါဝင်လာပါတယ်။

 

Snapdragon 670 processor သစ်ဟာ octa-core CPU အမျိုးအစားဖြစ်ပြီး Kryo 360 core ၂ ခု ၊ Kryo 360 core ၆ ခု ပါရှိပြီး ဂရပ်ဖစ်ပိုင်းမှာ Adreno 615 တို့နဲ့လာတာပါ။ ဒီ processor ကို Qualcomm ဟာ သြဂုတ်လဆန်းပိုင်းကမှ မိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ ဒီ processor နဲ့အတူ အမြင့်ဆုံး RAM 8GB အထိ သုံးသွားမှာပါ။

ရှေ့ waterdrop notch ထဲမှာ 25MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး 3D Portrait လိုမျိုး AI နည်းပညာပံ့ပိုး ချက်တွေ ပါဝင်လာပါတယ်။ ကျောဘက်မှာ ထောင်လိုက် dual ကင်မရာစနစ် ပါရှိပြီး 16MP primary ကင်မရာနဲ့နောက်ထပ် အရန်ကင်မရာတစ်လုံးကို LED flash နဲ့အတူ တွေ့ရမှာပါ။ ဒီကင်မရာဟာ AI နဲ့ဆော့ဖ်ဝဲလ်နည်းပညာတွေကြောင့် မြင်ကွင်းပေါင်း ၈၀၀ အထိ ဖတ်နိုင်မယ်လို့လည်း ဆိုပါတယ်။

OPPO ဟာ OPPO Find X လိုမျိုး VOOC charging ကို အသစ်ထွက်လာမယ့် OPPO F17 မှာ သုံးသွားမှာပါ။ 3500 mAh ဘက်ထရီဟာ VOOC fast charging နည်းပညာကြောင့် မိနစ် ၃၀ အတွင်း ၅၈% အထိ အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ဒီဖုန်းဟာ OPPO ရဲ့ UI စနစ်ဖြစ်တဲ့ Color OS 5.2 ပါတဲ့ Android 8.1 Oreo စနစ် နဲ့လာပြီး ကာလာသစ်တွေနဲ့ထွက်လာမှာပါ။

Photo: Mysmartprice

 

ဒီဖုန်းကို သြဂုတ်လ ၁၈ ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး OPPO ဟာ ဒီလထဲမှာ OPPO F9/F9 Pro တို့ကိုလည်း မိတ်ဆက်သွားမယ်လို့ဆိုုပါတယ်။

Share

Loading Next Article...
က္က