၂၀၁၉ ထုတ် flagship ဖုန်းတွေမှာ သုံးသွားဖို့ရှိပါတယ်။

လက်ရှိစမတ်ဖုန်းကင်မရာတွေထဲမှာ အကောင်းဆုံးလို့နာမည်ကြီးတဲ့ Huawei P20 Pro ထက်သာတဲ့ ကင်မရာစနစ်ကို နောက်နှစ်ထွက် flagship ဖုန်းတွေမှာ မြင်ရဖို့ရှိပါတယ်။



sony-imx-586-sensor.jpg

photo: Android Authority

 

စမတ်ဖုန်းကင်မရာအကြောင်း ပြောရာမှာ MP အနည်းအများတွေ ခေတ်စားခဲ့ပေမယ့် MP မြင့်မှ ကောင်းတာတော့ မဟုတ်ပါဘူး ။ တစ်ဘက်ကလည်း MP ဟာ စမတ်ဖုန်းကင်မရာစနစ်မှာ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လို့လျှော့တွက်လို့မရပါဘူး။ ဒီအချိန်မှာ Sony ဟာ ကမ္ဘာ့ ရုပ်ထွက်အမြင့်ဆုံးဓါတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ 48MP (8000 x 6000) ကင်မရာ sensor ကို မိတ်ဆက်ပြီး flagship စမတ်ဖုန်းကင်မရာစနစ် အပြောင်းအလဲသစ်ကို ယူဆောင်လာခဲ့ပါတယ်။

စမတ်ဖုန်းတင်မဟုတ်ဘဲ ကင်မရာ မော်ကျူးတွေပါ ထုတ်လုပ်နေတဲ့ ဂျပန်မှ Sony ဟာ အလင်းအားနည်းချိန်တွေမှာ ရုပ်ထွက်မြင့် super shots ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် IMX586 sensor ကို ထုတ်ဖော်ပြသခဲ့တာပါ။ ဒီကင်မရာ sensor ဟာ 48MP ရုပ်ထွက်ပါရှိတာကြောင့် 40MP ကင်မရာအပါအဝင် triple lens စနစ်သုံး Huawei P20 Pro နဲ့41MP အကြီးစား ကင်မရာsensor ပါ Lumia 1020 တို့ကို ယှဉ်နိုင်မယ့် ကင်မရာစနစ်လို့ဆိုနိုင်ပါတယ်။

IMX586 ဟာ ရုပ်ထွက်မြင့် ကင်မရာစနစ်အပြင် အလင်းအားနည်းတဲ့ အချိန်နဲ့နေရာမျိုးမှာ အရည်အသွေးမြင့် ဓါတ်ပုံ ရိုက်ကူးရေးအတွက် အဓိက ထုတ်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက low-light အနေအထားမှာ pixel လေးခုကို ၁ ခုတည်းအဖြစ် ပေါင်းစည်းပြီး ရိုက်ကူးသွားမှာ ဖြစ်လို့ညပိုင်း ရိုက်ချက်တွေမှာ 12MP 1.6 micron pixel ကင်မရာနဲ့ညီမျှတဲ့ ပုံတွေ ရိုက်ကူးနိုင်တော့မယ်လို့Sony က ထုတ်ပြန်ထားပါတယ်။

ဒီ sensor ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 48MP ရှိတဲ့ စမတ်ဖုန်းကင်မရာ ဖြစ်ပြီး sensor အရွယ်အစားကြောင့် low-light ရိုက်ချက် ပြဿနာရှိတဲ့ စမတ်ဖုန်းလောကအတွက် မျှော်လင့်ချက်တစ်ခုလို့လည်း ဆိုရမှာပါ။ IMX586 ရဲ့ ထူးခြားမှုတစ်ခုကတော့ ဒီ sensor မှာ Sony ရဲ့ original exposure ထိန်းချုပ်မှု နည်းပညာနဲ့signal processing လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတာကြောင့် သမရိုးကျ ကင်မရာတွေထက် real-time ယှဉ်ရိုက်ချိန်မှာ ၄ ဆပိုမို စွမ်းရည်မြင့်မားတယ်လို့လည်း ဆိုပါတယ်။

photo: Slash Gear

 

Sony ထုတ် ကင်မရာစနစ်တွေဟာ video recording နဲ့နာမည်ကျော်ပါတယ်။ ဒီအစဉ်အလာအတိုင်း IM586 module သစ်မှာလည်း 4K video တွေကို 90fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ဒီ sensor ရဲ့ ကနဦး နမူနာပုံစံတွေကို လာမယ့် စက်တင်ဘာလထဲမှာ ဖြန့်ချိသွားဖို့ရှိပြီး ၂၀၁၉ ထုတ် flagship ဖုန်းတွေမှာ သုံးသွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က