Mobile: SIM card နှစ်ကဒ်သုံး မြန်မာငွေ ၂ သောင်းကျော်တန် Nokia ဟနုးဆက်နှစ်မျိုး မိတ်ဆက်

2G ဟန်းဆက်တွေ ဖြစ်ပါတယ်။

တစ်ချိန်က ဆယ်လူလာဟန်းဆက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ Nokia ဟာ Nokia 105 နဲ့ Nokia 130 ဆိုပြီး ဈေးချိုတဲ့ ဟန်းဆက်သစ် နှစ်မျိုးကို ဖြန့် ချိခဲ့ပါတယ်။ ဖင်လန်ကုမ္ပဏီ HMD Global ရဲ့ ဈေးကွက်ထဲ ရောက်လာတဲ့ ဒီ Nokia အမှတ်တံဆိပ်ဖုန်းတွေဟာ အရင် Nokia ဟန်းဆက်ဒီဇိုင်းမျိုးကို အဆင့်မြှင်တင်ထားတာ ဖြစ်ပါတယ်။

play

 

Nokia 105 ကတော့ single-SIM နဲ့ dual SIM ဆိုပြီး နှစ်မျိုး လာတာပါ။ 2G ကွန်ယက်ပဲ သုံးလို့ ရမယ့် ဒီဖုန်းတွေဟာ display အနေနဲ့ ၁.၈ လက်မ ရှိပြီး အရင်ဗားရှင်းတွေထက် ပိုပြီး display ကြီးလာတာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ ၁၅ နာရီ တောက်လျှောက် ဖုန်းပြောနိုင်တဲ့ 800 mAh ဘက်ထရီဖြစ်ပြီး ပုံမှန် standby ဆိုရင် တစ်လအထိ အထားခံတဲ့ ဘက်ထရီ သုံးထားတာပါ။ FM ရေဒီယိုနားထောင်လို့ ရပြီး SIM ကဒ်တစ်ကဒ်ထိုးဆိုရင် ၁၄.၅ ဒေါ်လာ (မြန်မာငွေ ၁ သောင်း ၉ ထောင်ကျော်) နဲ့ dual-SIM ကို ၁၅ ဒေါ်လာ (မြန်မာငွေ ၂ သောင်းကျော်) ဈေးများနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

 

ဈေးပိုကြီးမယ့် Nokia 130 ဟာလည်း Nokia 105 လို display size နဲ့ လာပေမယ့် storage onboard သက်သက်က 8MB ပါရှိပါတယ်။ ထပ်ပြီး တိုးချင်တယ်ဆိုရင် microSD card နဲ့ 32GB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ Bluetooth ချိတ်နိုင်တဲ့ ဒီဟန်းဆက်မှာ ကျောဘက် ကင်မရာပါရှိပြီး ဗွီဒီယိုရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 1020 mAh ဘက်ထရီ ဖြစ်ပြီး ၁၁ နာရီခွဲကြာအောင် ဗွီဒီယိုကြည့်နိုင်သလို ၄၄ နာရီခွဲကြာအောင် သီချင်းနားထောင်နိုင်ပါတယ်။ ဒီဖုန်းကတော့ ၂၁.၅ ဒေါ်လာ ( မြန်မာငွေ ၃ သောင်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

play

 

Nokia 105 ဟာ အပြာရောင် ၊ အနက်ရောင် နဲ့ အဖြူရောင် သုံးမျိုးနဲ့ ထွက်လာပြီး Nokia 130 ကတော့ အနက်ရောင် ၊ မီးခိုးရောင် နဲ့ အနီရောင် တို့ နဲ့ ထုတ်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ ဇူလိုင် ၁၉ ရက်နေ့ မှာ ဖြန့် ချိသွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ