Mobile: Super Mario Run ဆော့ရင်း စိတ်မညစ်ရစေဖို့ 
Super Mario Run ကို ပေါ့ပေါ့ပါးပါး ဆော့သွားနိုင်ဖို့  ဒါလေးတွေ လုပ်ကြည့်ပါ။
play
Super Mario Run ဟာ အိုင်ဖုန်းအတွက် Nintendo ဂိမ်းကုမ္ပဏီမှ ပထမဆုံးထုတ်လိုက်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဆော့လို့ ကောင်းသလောက် ပြဿနာတစ်ချို့ လည်း ရှိနေတတ်ပါတယ်။ ဒီတော့ ဒီ Super Mario Run နဲ့ ပတ်သတ်လို့ အကြီးဆုံး စိတ်ရှုပ်စရာပြဿနာများကို ဘယ်လို ရှင်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) Cellular Data ကိုသုံးပြီး Super Mario Run ကို ရှင်းထုတ်နည်း
play
Super Mario Run ဂိမ်းဟာ ဆိုဒ်ကြီးတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး 200 MB ရှိပါတယ်။ အဆိုးဆုံးကတော့ နောက်ခံ background ကနေ အသစ်အသစ်တွေကို ဒေါင်းလုပ်ချနေတာပါ။ ဒီအပိုင်းကိုတော့ မဖြစ်မနေ ရှင်းဖို့ လိုပါပြီ။
ဒီတော့ Settings ထဲဝင်ပြီး Cellular Data ကို သွားပါ။ ပြီးတာနဲ့ MARIO RUN ကို မဆွဲရအောင် disable လုပ်ပေးလိုက်ပါ။ ဒါဆိုရင်Super Mario Run ဟာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အင်တာနက်ဒေတာတွေကို စားမှာ မဟုတ်တော့ပါဘူး။
(၂) ဘက်ထရီအား အကုန်မြန်တာကို ရှင်းနည်း
play
ဒီဂိမ်းကို များများဆော့ရင် ဘက်ထရီအားအကုန်မြန်တတ်ပါတယ်။ ဒါမျိုးကို ရှင်းတဲ့ နည်းလမ်းတစ်ခုက ဂိမ်းအက်ပလီကေးရှင်းထဲကနေ ဂရပ်ဖစ်အနိမ့်နဲ့ ဆော့ဖို့ ပါပဲ။
ဒီလိုလုပ်ဖို့ အတွက်ဆိုရင် အက်ပလီကေးရှင်းရဲ့ home screen မှာရှိတဲ့ Menu ခလုတ်ကို နှိပ်ပေးပြီး Settings ကို ရွေးချယ်ပေးပါ။ ပြီးတာနဲ့ Options ခလုတ်ကို ရွေးပါ။ ဒီကနေ Rendering Settings နဲ့ Graphics Settings အတွက် Low ဆိုတဲ့ option ကို ရွေးလိုက်ပါ။
(၃) ဂိမ်းဆော့ရင်း နှေးနှေးလာရင် ဘယ်လို လုပ်မလဲ
ဒီဂိမ်းကို အိုင်ဖုန်း၊အိုင်ပက်အဟောင်းတစ်လုံးလုံးနဲ့ ဆော့ရင် ဂိမ်းဆော့ရတာ ပိုပိုကြာလာတာကို သတိပြုမိလာမှာ ဖြစ်ပါတယ်။
ဒီအတွက် အဖြေကတော့ အပေါ်မှာ ပြောခဲ့သလို ဂရပ်ဖစ်ဆက်တင်ထဲဝင်ပြီး ဂရပ်ဖစ်ကို ပြန်နှိမ့်ပေးလိုက်ပါ။
(၄) ဂိမ်းတက်မလာတော့တဲ့အခါ
Super Mario Run ကို ဆော့ဖို့ ဖွင့်မရဖြစ်နေရင် လုပ်ရမှာက
• ဂိမ်းကို ဖျက်ပစ်လိုက်ပြီး ပြန်ပြီး install သွင်းလိုက်ပါ။
• ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပက်မှာပါတဲ့ Sleep/Wake ခလုတ်နဲ့ Home ခလုတ် (iPhone 7 သုံးသူများဆိုရင် အသံလျှော့တဲ့ Volume down) တို့ ကို တွဲနှိပ်ပြီး စက်ပြန်မောင်း reboot လုပ်ပါ။
• Jailbreak လုပ်ထားတယ်ဆိုရင်လည်း ဖုန်းကို အသစ်လို ပြန်ပြီး restore လုပ်ဖို့ လိုပါတယ်။
(၅) Jailbreak လုပ်ထားတဲ့ အိုင်ဖုန်းပေါ်မှာ ဆော့လို့ ရအောင်
ကိုယ့်ရဲ့ အိုင်ဖုန်းကို jailbreak လုပ်ထားရင် tsProtector 8+ ဆိုတဲ့ tweak လေးသုံးပြီး အက်ပလီကေးရှင်းကို black list လုပ်လိုက်ပါ။ ဒါဆိုရင် verify လုပ်တဲ့အခါ Nintendo ဟာ ကိုယ့်ရဲ့ jailbreak ကို မသိနိုင်တော့ပါဘူး။
Source : iPhonehacks
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
နောက်ဆုံးရ သတင်းများ