AD
AD
AD

မတ်လ ၂၇ ရက်နေ့ မိတ်ဆက်သွားမယ့် Huawei P စီးရီး flagship စမတ်ဖုန်းသစ်တွေကတော့ စမတ်ဖုန်းကင်မရာလောကမှာ ပြောစမှတ်တွင်ဖို့ ရှိပါတယ်။

play

 

Huawei ဟာ မကြာခင်မှာ P20 Lite ၊ P20 နဲ့ P20 Pro ဆိုပြီး စမတ်ဖုန်းသစ် ၃ မျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ iPhone X စတိုင် notch သုံးသွားပေမယ့် ပိုပြီး သေးသွားတာကြောင့် ဒီဇိုင်းအလှမှာ ပိုလာပါတယ်။ နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရ P20 စီးရီးသစ်ဟာ AI နည်းပညာသစ်တွေ အများကြီး ထပ်ဖြည့်ထားမှာ သေချာသလောက် ရှိနေပါတယ်။

မတ်လ ၂၇ ရက်နေ့ ပဲရစ်မှာ မိတ်ဆက်သွားမယ့် ဖိတ်စာမှာ See Mooore with AI လို့ ဖော်ပြထားပြီး O သုံးလုံး ဖော်ပြထားတဲ့ သဘောကတော့ ဒီဖုန်းဟာ triple rear camera lens နဲ့ လာမယ်ဆိုတဲ့အကြောင်းပါ။ ဒီကင်မရာစနစ်အကြောင်း အသေးစိတ်မသိရသေးပေမယ့် သေချာတာက ဒီကင်မရာတွေဟာ ခပ်မှောင်မှောင်မှာ ရိုက်ချက်ကောင်းထွက်အောင် ရိုက်လို့ ရမယ့် low-light mode ၊ စမတ်မျက်နှာဖတ်စနစ် smart face detection နဲ့ မြင်ကွင်းကို သိရှိမှတ်သားနိုင်တဲ့ scene recognition လို AI လုပ်ဆောင်ချက်တွေပါ ထည့်သွင်းထားဖို့ ရှိနေတာပါပဲ။

 

ရိုးရိုး standard version မော်ဒယ် ၊ Pro မော်ဒယ်နဲ့ Lite ဗားရှင်းဆိုပြီး စမတ်ဖုန်းသစ် ၃ မျိုး မိတ်ဆက်ရာမှာ ကျောဘက် ကင်မရာစနစ်အနေနဲ့ မော်ဒယ်ပေါ် လိုက်ပြီး dual နဲ့ triple ဆိုပြီး နှစ်မျိုး ထုတ်သွားမှာပါ။ ကျောဘက် ကင်မရာ သုံးလုံးထားမယ့် ဖုန်းကတော့ Pro မော်ဒယ်တစ်ခုပဲ ဖြစ်ဖို့ များနေပါတယ်။

ကင်မရာပိုင်းမှာ စွမ်းရည်ချင်း ကွာခြားနေပေမယ့် သုံးထားတဲ့ processor အရတော့ standard မော်ဒယ် P20 နဲ့  P20 Pro တို့ ဟာ Kirin 970 chipset တစ်ခုတည်း ဖြစ်မှာပါ။ Huawei ဟာ P20 Pro မော်ဒယ်မှာ OLED display ကို ပထမဆုံးသုံးဖို့ များနေပြီး display နည်းပညာဖြစ်တဲ့ Always On Display လည်း ဒီစီးရီးသစ်မှာ မြင်ရဖို့ ရှိပါတယ်။ ဒီဖုန်းသစ်တွေမှာ Huawei ရဲ့ ကိုယ်ပိုင် Face Unlock နည်းပညာ ၊ Animoji နဲ့ တစ်ခြား features သစ်တွေ ထည့်သုံးသွားမှာပါ။

play

 

နောက်ဆုံးကြားထားတဲ့ ဈေးနှုန်းတွေအရ Huawei P စီးရီးသစ်တွေဟာ အနိမ့်ဆုံး ၄၅၅ ဒေါ်လာ ဝန်းကျင်ကနေ ၁၁၀၇ ဒေါ်လာ ပတ်ချာလည် ဈေးထိ ရှိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအတိအကျနဲ့ ဖုန်းစွမ်းရည်တွေကိုတော့ မတ်လ ၂၇ ရက်နေ့ မှာ အတိအကျ သိရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD