Mobile: Time-lapse videos များ အလွယ်တကူဖန်တီးနိုင်သည့် Instagram Hyperlapse

iOS များအတွက်ပဲ လက်တလောမှာ သုံးလို့ ရနိုင်တာပါ။

play

 

Instragram ဟာ ပုံရိပ်မငြိမ်တဲ့ ဗွီဒီယိုတွေကို ပရိုကျကျ အငြိမ်နဲ့ ထွက်လာစေမယ့် Hyperlapse လို့ ခေါ်တဲ့ အက်ပ်တစ်ခုကို ဖြန့် ချိလိုက်ပါတယ်။ Instagram Hyperlapse အက်ပ်ဟာ Apple ရဲ့ App Store မှာ အခမဲ့ ရယူနိုင်မှာ ဖြစ်ပြီး Android ဗားရှင်းများအတွက် မသိရသေးပါဘူး။ ဒီအက်ပ်ဟာ ကိုယ့် စမတ်ဖုန်းမှာ ရှိတဲ့ ဗွီဒီယိုကလစ်တွေကို time-lapse ဗွီဒီယိုတွေအဖြစ် ပြောင်းပေးသွားမှာပါ။ Time-lapse ဆိုတာ ရုပ်သံနည်းပညာတစ်ခုဖြစ်ပြီး သာမန်ထက် ပိုနှေးတဲ့ ဖရိမ်နှုန်းတို့ မြန်တဲ့ဖရိမ်နှုန်းတို့ မှာ နှုန်းသေတစ်ခု သတ်မှတ်ဖမ်းယူတဲ့ နည်းပညာ ဖြစ်ပါတယ်။ နမူနာ ပြောရရင် ဖရိမ်နှုန်းနှိမ့်ထားမယ်ဆိုရင် ပန်းကလေးတစ်ပွင့် ပွင့်နေတာကို အပြင်မှာထက် အများကြီး မြန်ဆန်တဲ့ နှုန်းနဲ့ အချိန်ကိုက် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

 

"Instagram မှာ ပါတဲ့ Hyperlapse ဟာ အရွေ့ သဘောကို ဖန်တီးရာမှာ ရုပ်ရှင်အမြင် နဲ့ အရည်အသွေးကို ရရှိစေမယ့် time-lapse ချိန်တာမျိုး လုပ်ပေးနိုင်တဲ့ ရုပ်ငြိမ်နည်းပညာ ပါရှိပါတယ်။ အပြင်မှာဆို ဒီ feature တွေကို သုံးမယ်ဆိုရင် ဈေးမြောက်တဲ့ ပစ္စည်းကိရိယာတွေကို သုံးရမှာပါ။" လို့  ကုမ္ပဏီမှ သူ့ ရဲ့ တရားဝင်ဘလော့ဂ်မှာ ရေးထားပါတယ်။

Instagram Hyperlapse ဟာ ဗွီဒီယိုတည်းဖြတ်လုပ်စရာမလိုဘဲ ကားအရှည်ကြီးများကို အတိုဆက် ဆက်နိုင်စေမှာပါ။ ဒီမှာ editing feature မပါတာလေးကတော့ ပြောစရာ ဖြစ်နေပါတယ်။ ဗွီဒီယိုဖမ်းယူဖို့ နဲ့ ရပ်ဆိုင်းဖို့ tap နှိပ်သွားရုံပါပဲ။ ပြီးတာနဲ့ Playback speed ကို ၁၂ ဆ မြန်အောင် ရွေးလို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ပြီးသား ဗွီဒီယိုတွေကို Camera Roll မှာ သိမ်းထားပြီး Instagram တို့ Facebook တို့ မှာ ပြန် share နိုင်ပါတယ်။

Source: Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ