Mobile: မိုဘိုင်းလ်ဒစ်ဂျစ်တယ်အကူ Viki ကိုထုတ်တော့မယ့် Nokia

အဆင့်မြင့်စမတ်ဖုန်းသစ်များမှာ သုံးဖို့ ဦးတည်ထားတာပါ။

play

Nokia ဟာ သူ့ အရင် ထိပ်တန်းနည်းပညာကုမ္ပဏီတွေကို အမီလိုက်နိုင်ဖို့ Viki လို့ အမည်ရတဲ့ ဒစ်ဂျစ်တယ်အကူအက်ပလီကေးရှင်းတစ်ခုကို ထုတ်သွားတော့မှာပါ။ ဥရောပမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တင်ထားတဲ့ ဒီအက်ပလီကေးရှင်းဟာ မိုဘိုင်းလ်နဲ့ ဝက်ဘ်အခြေခံ ဒစ်ဂျစ်တယ်အကူကိရိယာတစ်မျိုးဖြစ်ပြီး အချက်အလက်အရင်းအမြစ်အလုံးကို တစ်စုတည်း ပေါင်းပြီး စကားပြောနိုင်တဲ့ အသံပိုင်း interface တစ်ခုလည်း ဖြစ်ပါတယ်။

လက်တလောမှာတော့ ဒီလောက်ပဲ သိရသေးတာပါ။ ဒါပေမယ့်လည်း Nokia ဟာ ဒစ်ဂျစ်တယ် AI သစ်တစ်ခု ဖန်တီးနေတယ်ဆိုရင် သူ့ အရင် ထွက်ရှိထားတဲ့ Apple ရဲ့ Siri ၊ Amarizon ရဲ့ Alexa ၊ Microsoft ရဲ့ Cortna နဲ့ မကြာသေးမီက ထွက်လာတဲ့ Google ရဲ့ Google Assistant တို့ နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။

 

ပြီးခဲ့တဲ့ တစ်ပတ်ကပဲ HMD Global ဟာ Nokia 6 လို့ ခေါ်တဲ့ Nokia ရဲံ ပထမဆုံး အန်းဒရိုက်စမတ်ဖုန်းကို တရုတ်မှာ ယခုနှစ်အစောပိုင်းအတွင်း ဖြန့် ချိသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ခဲ့ပါတယ်။ Nokia ဟာ AI assistant နဲ့ ပတ်သတ်လို့ တော့ HMD နဲ့ သဘောတူညီမှု ရှိမရှိ မသိရသေးပါဘူး။ Viki ကိုတော့ စမတ်ဖုန်းများမှာ မကြာခင် တွေ့ မြင်ရဖို့ ရှိနေပါတယ်။

Source: EUIPO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ