AD
AD
AD

MWC ပွဲမှာ လူစိတ်ဝင်စားမှုအများဆုံး ရခဲ့တဲ့ မျက်နှာပြင်ပြည့် အဆင့်မြင့် Vivo APEX စမတ်ဖုန်းကို တရုတ်မှာ တရားဝင် မိတ်ဆက်ကြေငြာသွားခဲ့ပါတယ်။

play

 

ရှေ့ ခြမ်း မှန်ပြင်နဲ့ ကိုယ်ထည်အချိုးအစား ၉၁% ရှိတယ်လို့ ပွဲမှာ ကြေငြာသွားပေမယ့် တကယ်တမ်းအပြင်မြင်ကွင်းမှာ ဒီဖုန်းဟာ လက်ရှိ စမတ်ဖုန်းသစ်များထဲမှာ မှန်ပြင်အပြည့်ဆုံး ဘောင်အပါးဆုံးလို့ မြင်နေရပါတယ်။ Vivo APEX ဟာ မျက်နှာပြင် ၅.၉၉ လက်မ ပါရှိပြီး မှန်ပြင်အောက်မှာ လက်ဗွေအာရုံခံထားနိုင်ဖို့ OLED display သုံးထားတာပါ။ မှန်ပြင်အောက် အောက် တစ်ဝက်ဟာ in-screen fingerprint scanner သုံးနိုင်အောင် ထုတ်ထားပြီ စပီကာနဲ့ earpiece တွေကိုလည်း မှန်ပြင်အောက်မှာပဲ ထည့်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး in-display fingerprint သုံး Vivo X20 Plus UD မှာက fingerprint ကို တစ်နေရာတည်းမှာ တစ်ခုတည်းပဲ သုံးနိုင်တာ ဖြစ်ပြီး Vivo APEX မှာတော့ fingerprint များများစားစား မှတ်နိုင်တဲ့ multi-fingerprint recognition ပါရှိလာပါတယ်။

 

အသံစနစ်ပိုင်းမှာ Hi-Fi audio နည်းပညာနဲ့ ထွက်လာပြီး အမ်ပလီဖိုင်ယာအသံချဲ့ စနစ် ၃ မျိုးနဲ့ DAC တစ်ခုလည်း ပါလို့ အဆင့်မြင့် အသံစနစ်များကို နားထောင်နိုင်မှာပါ။ ကင်မရာပိုင်းမှာ ကျောဘက် ထောင်လိုက်နှစ်လုံးတွဲ ကင်မရာစနစ်နဲ့ လာပြီး Super HDR လို့ ခေါ်တဲ့ စမတ်ရုပ်ထွက်ကောင်းမွန်မှု ၊ သဘာဝဆန်တဲ့ ကင်မရာရိုက်ချက်များ ဖန်တီးနိုင်ခြင်းအပြင် အဆင့်မြင့် AI Algorithm များ လည်း ပေါင်းစပ်ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

ရှေ့ ကင်မရာကတော့ pop-up လို့ ခေါ်တဲ့ အရှင်ဆွဲနိုင် ထုတ်နိုင်တဲ့ selfie ကင်မရာအိမ်သက်သက်နဲ့ ထွက်လာတာပါ။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဖုန်းကိုယ်ထည်ထဲ သိမ်းနိုင် ထုတ်နိုင်တဲ့ selfie ကင်မရာအိမ် သုံးထားတာလည်း ဖြစ်ပါတယ်။

 

Vivo APEX ကို မိတ်ဆက်ရာမှာ ဒီဖုန်းဟာ Qualcomm ရဲ့နောက်ဆုံးပေါ် Snapdragon 845 chipset ကို သုံးထားတယ်လို့ ပဲ ဖော်ပြထားပြီး RAM / Storage ပမာဏကိုတော့ ကြေငြာမသွားပါဘူး။ ၂၀၁၈ နှစ်လယ်ပိုင်းမှာ ဈေးကွက်ဝင်မယ့် ဒီဖုန်းရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် အဆင့်မြင့် ဖုန်းတစ်လုံးအဖြစ် ပွဲထုတ်လာတာ ဖြစ်လို့ ဈေးကလည်း မသေးမှာတော့ သေချာနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD