mid-range မော်ဒယ်အနေနဲ့ဝင်လာမှာပါ

မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိပြီး mid-range တန်းဝင် ဖုန်းတစ်လုံးအဖြစ် ပွဲထုတ်သွားမယ့် Vivo V11 ဖုန်းသစ်ကို လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့ရန်ကုန်မြို့Malia Hotel မှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

Capture_1253x960.jpg

Photo: Vivo

 

Malia Hotel ၊ Innya Ballroom မှာ နေ့လည် ၂ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမယ့် ဒီမိတ်ဆက်ပွဲမှာ Vivo V11 အကြောင်း သတင်းအချက်အလက်များအပြင် pre-order မှာယူနိုင်မယ့် နေ့၊ ရောင်းချမယ့် ဈေးနှုန်းနဲ့တကွ အခြား အသေးစိတ်အချက်အလက်များပါ သိရမှာပါ။

Vivo V11 ဖြန့်ချိထားတဲ့ အာရှဈေးကွက်တွေမှာတော့ ဒီဖုန်းဟာ ရှေ့ကင်မရာနေရာမှာပဲ notch ထားတဲ့ Halo FullView display သစ်နဲ့ထွက်လာပြီး in-display fingerprint scanner သုံးဖို့အတွက် Super AMOLED display ပါရှိထားပါတယ်။ 3D Curved ကိုယ်ထည်ဒီဇိုင်း မျက်နှာပြင် ၆.၄၁ အရွယ် Vivo V11 ဟာ AI စနစ်ကို အတော်လေး အဆင့်မြှင့်ထားတဲ့ ဖုန်းအဖြစ် မြင်ရမှာပါ။

ကျောဘက်မှာ ထောင်လိုက် dual Cameras စနစ်နဲ့လာပြီး Dual Pixel Autofocus စနစ်များ ၊ AI မျက်နှာပြင်ဖတ်ပြီး အလှပြုပြင်တဲ့ စနစ်များ ထည့်သွင်းထားပါတယ်။

AI စနစ်အနေနဲ့မြင်တွေ့ရမယ့်အချက်တစ်ခုကတော့ IR လို့ခေါ်တဲ့ ရောင်ခြည်နဲ့မျက်နှာကို ဖတ်တဲ့ Face Unlock နည်းပညာပါပဲ။ မှန်ပြင်အောက် လက်ဗွေစနစ်လို ထူးခြားတဲ့ နည်းပညာနဲ့အတူ မျက်နှာကို ဖုန်းမှာ သော့တစ်ချောင်းလို သုံးရတာကလည်း စိတ်ဝင်စားဖို့ကောင်းနေမှာပါ။

ဘက်ထရီပိုင်းမှာ 3400 mAh ဘက်ထရီနဲ့လာပြီး 18W quick charging အားသွင်းစနစ် ပါလာမယ်လို့ဆိုပါတယ်။ dual SIM စနစ်နဲ့လာပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Vivo ရဲ့ Funtouch OS 4.5 ပါဝင်တဲ့ Android 8.1 Oreo ပါရှိတာကြောင့် Vivo AI စနစ်ဖြစ်တဲ့ Jovi AI Engine နည်းပညာသုံးနိုင်မှာပါ။

Photo: Vivo

 

ပြည်တွင်းဈေးကွက်မှာ Vivo V11 ကို ကာလာဘယ်နှစ်မျိုး ၊ ဘယ်ဈေးနှုန်းနဲ့ဖြန့်ချိမယ်ဆိုတာကိုတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က